တရုတ် Hikvision ကုမ္ပဏီ က တိုင်းရင်းသားမျက်နှာသွင်ပြင်မှတ်သားသော နည်းပညာကို မိတ်ဆက်

တရုတ် Hikvision ကုမ္ပဏီ က တိုင်းရင်းသားမျက်နှာသွင်ပြင်မှတ်သားသော နည်းပညာကို မိတ်ဆက်

ဗီဒီယိုမှတ်တမ်းတင် စောင့်ကြည့်ကင်မရာများထုတ်လုပ်သည် တရုတ်ကုမ္ပဏီ Hikvisionက လုံခြုံရေး နည်းပညာတီထွင်မှုအသစ် တစ်စိတ်တစ်ပိုင်းအဖြစ် တိုင်းရင်းသားများ၏ မျက်နှာသွင်ပြင်ကို မှတ်သားသော နည်းပညာကို မိတ်ဆက်ကြော်ငြာလိုက်သည်။

ထို့ကြောင့် ကမ္ဘာ့နိုင်ငံမှခေါင်းဆောင်များကလည်း Hikvisionကုမ္ပဏီကို ပြည်တွင်းဈေးကွက်များအတွင်း ဝင်ရောက်ခွင့် ပေးသင့် မသင့်အတွက် စဉ်းစားနေကြရသည်။

Hikvisionသည် နိုင်ငံတကာဖောက်သည်များအတွက် လုံခြုံသောကွန်ရက်များကိုထိန်းသိမ်းရာတွင် ပျက်ကွက်မှုများ ရှိနေသောကြောင့် ဝေဖန်မှုများကို ရင်ဆိုင်နေရသည်။ ကုမ္ပဏီသည် နိုင်ငံအသီးသီးတွင် သူလျှိုလုပ်သည်ဟူသော စွပ်စွဲချက်များစွာကိုလည်းခံနေရသည်။

ထိုသို့စွပ်စွဲချက်များကြောင့် ဗြိတိန်အစိုးရသည် အစိုးရအဆောက်အအုံများတွင် တရုတ်ကင်မရာများ တပ်ဆင်ခြင်းကို ပိတ်ပင်တားမြစ်ခဲ့သည်။ တရုတ်အစိုးရက တစ်စိတ်တစ်ပိုင်းပိုင်ဆိုင်သော Hikvision နှင့်

Dahua တို့မှ ထုတ်လုပ်သည့် လုံခြုံရေးကင်မရာများ ရောင်းချခြင်းနှင့် အသုံးပြုခြင်းတို့ကို လုံးဝတားမြစ်ရန် ဗြိတိန်အစိုးရက နောက်ပိုင်းတွင်တောင်းဆိုခဲ့သည်။

Hikvisionသည် လူ့အခွင့်အရေးချိုးဖောက်မှုများတွင် လျှို့ဝှက်စွာ ပူးပေါင်းပါဝင်နေပြီး ပြည်တွင်းရှိ တိုင်းရင်းသားလူနည်းစုအသိုက်အဝန်းများအပေါ် တရုတ်၏ဖိနှိပ်လှုပ်ရှားမှုများကို အကောင် အထည် ဖော်ခဲ့ကြောင်း ကူးသန်းရောင်းဝယ်ရေးဌာနက စွပ်စွဲခဲ့ပြီးနောက် ၂၀၁၉ ခုနှစ်တွင် အမေရိကန်၏ ကုန်သွယ်မှုအမည်ပျက်စာရင်းဝင်ဖြစ်ခဲ့သည်။ တရုတ်စစ်တပ်နှင့် ဆက်စပ်သည်ဟူသော အကြောင်းပြချက်ဖြင့် အမေရိကန်သမ္မတဟောင်းဒေါ်နယ်ထရမ့်က အမေရိကန်ကုမ္ပဏီများနှင့် တစ်ဦးချင်းစီအား Hikvisionကုမ္ပဏီတွင် ရင်းနှီးမြှုပ်နှံခွင့်တားမြစ်သည့် အမိန့် ညွှန်ကြားချက် ကို လက်မှတ်ရေးထိုးခဲ့သည်။

ထို့ပြင် ဖယ်ဒရယ်အေဂျင်စီများအား Hikvisionနှင့် မှတ်တမ်းတင်စောင့်ကြည့်မှုဆိုင်ရာ စာချုပ်များချုပ်ဆိုခြင်းကို တားမြစ်သည့် ပြဋ္ဌာန်းချက်ကို အမျိုးသားကာကွယ်ရေးလုပ်ပိုင်ခွင့်အက်ဥပဒေတွင် ထည့်သွင်းခဲ့သည်။

အမေရိကန်သည် မကြာသေးမီက နိုင်ငံတော်လုံခြုံရေးခြိမ်းခြောက်မှုအကြောင်းပြချက်ဖြင့် တရုတ်နိုင်ငံ၏ Huawei Technologies နှင့် ZTE ကုမ္ပဏီတို့မှ ဆက်သွယ်ရေးပစ္စည်းအသစ်များ တင်သွင်းခြင်း သို့မဟုတ် ရောင်းချခြင်းတို့ကို တားမြစ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly