တရုတ်ကုမ္ပဏီ Huawei က 5G ကွန်ရက်ကို လွှမ်းမိုးရန်နှင့် အမေရိကန်၏ အချက်အလက်များကို ခိုးယူရန် ကြိုးပမ်းနေဟု အမေရိကန်လွှတ်တော်အမတ်ပြော

တရုတ်ကုမ္ပဏီ Huawei က 5G ကွန်ရက်ကို လွှမ်းမိုးရန်နှင့် အမေရိကန်၏ အချက်အလက်များကို ခိုးယူရန် ကြိုးပမ်းနေဟု အမေရိကန်လွှတ်တော်အမတ်ပြော

အမေရိကန်အထက်လွှတ်တော် တွမ်ကော်တွန်က အမေရိကန်နိုင်ငံလုံခြုံရေးအပေါ် တရုတ်ကုမ္ပဏီများ၏ ကြောက်မက်ဖွယ် ကောင်းသော ခြိမ်းခြောက်မှုများကို အလေးထားပြောဆိုလျက် တရုတ်နည်းပညာကုမ္ပဏီကြီး Huaweiသည် 5G နည်းပညာကို လွှမ်းမိုးရန်နှင့် အမေရိကန်၏ အချက်အလက်များကို ခိုးယူရန် ကြိုးပမ်း နေသည်ဟု စွပ်စွဲလိုက်သည်။

"Huawei နဲ့ တရုတ်ကွန်မြူနစ်ပါတီကို အမေရိကန်တွေရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်နဲ့ ကျွန်တော်တို့နိုင်ငံရဲ့ အရေးပါတဲ့ ကာကွယ်ရေးစနစ်တွေကို ဝင်ရောက်ကြည့်ရှုခွင့် မပြုနိုင်ပါဘူး။ ကျွန်တော်တို့ရဲ့ နိုင်ငံလုံခြုံရေးအပေါ် ဒီတရုတ်ကုမ္ပဏီတွေရဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ ခြိမ်းခြောက်မှုတွေကို ကိုင်တွယ် ဖြေရှင်းရပါမယ်" ဟု ကော်တွန်က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပါတီနှစ်ရပ်မှ အမေရိကန်လွှတ်တော်အမတ်များက တရုတ်၏ Huawei နည်းပညာများနှင့် တရုတ် 5Gကုမ္ပဏီများကို ဒဏ်ခတ်ပိတ်ဆို့မည့် NETWORKS Act ဥပဒေကြမ်းကို ဒီဇင်ဘာ ၁၃ ရက်က မိတ်ဆက်တင်ပြရင်း ကော်တွန်က မှတ်ချက်ပြုလိုက်ခြင်းဖြစ်သည်။

အမေရိကန်ကို ဆန့်ကျင်သော စီးပွားရေးသူလျှိုလုပ်မှုများတွင် ပါဝင်ပတ်သက်သော တရုတ်နည်းပညာကုမ္ပဏီ Huawei နှင့် တခြားသော မယုံကြည်ရသည့် တရုတ် 5Gထုတ်လုပ်သူများကို ပြင်းပြင်းထန်ထန် အရေးယူရန် အာကန်းဆက်ပြည်နည် ရီပတ်ဘလင်ကန်အထက်လွှတ်တော်အမတ် တွမ်ကော်တန်က မေရီလန်းပြည်နယ် ဒီမိုကရက်တစ်အမတ် ခရစ်ဗန်ဟော်လန်၊ နယူးယောက်ပြည်နယ် ဒီမိုကရက်တစ်အမတ် ချောက်ရှူးမားနှင့် ဖလော်ရီဒါ ရီပတ်ဘလင်ကန် ရစ်စကော့တို့နှင့်အတူ ဥပဒေကြမ်းကို တင်ပြခဲ့ခြင်းဖြစ်သည်။

"အမေရိကန်ကို သူလျှိုလုပ်ပြီး ဥပဒေတွေကို ချိုးဖောက်တဲ့ နိုင်ငံခြားကုမ္ပဏီတွေဟာ ပြင်းထန်တဲ့ အကျိုးဆက်တွေကို ရင်ဆိုင်ရလိမ့်မယ်။ Huawei ဟာ ထပ်ခါတလဲလဲ အပြစ်ကျူးလွန်သူပါ။ ဒီဥပဒေမူကြမ်းက Huawei နဲ့ ကျွန်တော်တို့လုံခြုံရေးကိုထိခိုက်စေမယ့် အလားတူဆိုးရွားတဲ့အရာတွေကို နောက်ထပ် ဒဏ်ခတ်ပိတ်ဆို့ခြင်းအားဖြင့် နိုင်ငံရဲ့ကာကွယ်ရေးကို အားကောင်းစေမှာပါ" ဟု ဗန်ဟော်လန်က ပြောသည်။

အမေရိကန်တရားရေးဌာနက တရုတ်စုံစမ်းရေးအရာရှိ ၂ ဦးအား အစိုးရ၏စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဟန့်တားရန်Huawei နှင့်ပူးပေါင်းမှုအတွက် အောက်တိုဘာလက တရားစွဲဆိုခဲ့သည်။

အမေရိကန်ဗဟိုထောက်လှမ်းရေးအဖွဲ့(အက်ဖ်ဘီအိုင်) က အမေရိကန်နျူကလီးယာ းဒုံးလက်နက်အခြေစိုက်စခန်း များစွာအနီးရှိ ဖုန်းတာဝါများတွင် Huawei စက်ပစ္စည်းများကိုတွေ့ရှိရကြောင်းနှင့် ထိုတာဝါတိုင်များမှ အချက်ပြမှုများသည် အမေရိကန်နျူကလီးယားလက်နက်များကို အနှောင့်အယှက်ဖြစ်စေနိုင်ကြောင်း ထုတ်ဖော်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly