တတိယအကြိမ် သမ္မတသက်တမ်း ရယူပြီးနောက် တရုတ်သမ္မတက စစ်တပ်၏ သစ္စာစောင့်သိမှုကို အပြည့်အဝ ရယူ

တတိယအကြိမ် သမ္မတသက်တမ်း ရယူပြီးနောက် တရုတ်သမ္မတက စစ်တပ်၏ သစ္စာစောင့်သိမှုကို အပြည့်အဝ ရယူ

တရုတ်ကွန်မြူနစ်ပါတီ၏ အကြိမ် ၂၀ မြောက် အမျိုးသားညီလာခံတွင် တတိယအကြိမ် သမ္မတသက်တမ်း ရယူပြီးနောက် ရှီကျင့်ဖျင်က စစ်တပ်၏ သစ္စာစောင့်သိမှုကို အပြည့်အဝ ရယူနိုင်ခဲ့ကြောင်း The Hong Kong Post က ဖော်ပြလိုက်သည်။

စစ်ပွဲများဆင်နွှဲရေးအတွက် ယင်းတို့၏ စွမ်းအားကို အာရုံစိုက်ရန်၊ စစ်အောင်နိုင် ရေးအတွက် စွမ်းဆောင်ရည်ကို မြှင့်တင် ရန်နှင့် ခေတ်သစ်တွင် စစ်တပ်၏ တာဝန်နှင့် ဝတ္တရားများကို ထိထိ ရောက်ရောက် ဖြည့်ဆည်းရန် လက်နက်ကိုင်တပ်ဖွဲ့များအား တရုတ်သမ္မတ ရှီကျင့်ဖျင်က အသင့်ဖြစ်စေခဲ့သည်။

တရုတ်လက်နက်ကိုင်တပ်ဖွဲ့များသည် ရှီကျင့်ဖျင်အပေါ် သစ္စာရှိရှိနှင့် ခေါင်းဆောင်ကို အဆုံးစွန်အထိ ပံ့ပိုး၊ ကာကွယ်စောင့်ရှောက်ရမည်ဖြစ်ကြောင်း သတင်းက ဖော်ပြခဲ့သည်။

မကြာသေးမီက ရှီကျင့်ဖျင်က ဗဟိုစစ်ကော်မရှင်၏ ပူးတွဲစစ်ဆင်ရေးကွပ်ကဲမှုဗဟိုဌာနကို စစ်ဆေးခဲ့ပြီး ဗဟို စစ်မစ်ရှင်အသစ်က တရုတ်ကွန်မြူနစ်ပါတီ၏ အကြိမ် ၂၀ မြောက် အမျိုးသားညီလာခံ၏ ဆုံးဖြတ်ချက်အတိုင်း လိုက်နာမည်ဖြစ်ကြောင်း အရိပ်အမြွက်ဖော်ပြခဲ့သည်။

ဗဟိုစစ်မစ်ရှင်အသစ်သည် စစ်ရေးလေ့ကျင့်မှုနှင့် ပြင်ဆင်မှုကို အားကောင်းစေရေး ဆောင်ရွက်မည်ဖြစ်သည်။

စစ်တပ်၏ နှစ်တစ်ရာကျော်ကြာ ရုန်းကန်တိုက်ပွဲဝင်ခဲ့သည့် ပန်းတိုင်ကို ရည်မှန်းထားသည့်အတိုင်း ရရှိရန် လိုအပ်ကြောင်း အထူး ဆောင်းပါးများကို ကိုးကား၍ သတင်းတွင် ဖော်ပြထားသည်။

CCP ၏ ခေါင်းဆောင်မှုသည် လက်ရှိအခြေအနေတွင် မည်မျှအရေးကြီးကြောင်းကို စစ်တပ်က နားလည် သဘောပေါက်စေရန် ပြင်ပခြိမ်းခြောက်မှုများကို ကိုးကားဖော်ပြနေသည်ဟု သတင်းတွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required