တရုတ်စစ်တပ်၏ လှုပ်ရှားမှုများမှာ သံသယဖြစ်ဖွယ်ကောင်းနေကြောင်း ကာကွယ်ရေးကျွမ်းကျင်သူတစ်ဦး ပြောကြား

တရုတ်စစ်တပ်၏ လှုပ်ရှားမှုများမှာ သံသယဖြစ်ဖွယ်ကောင်းနေကြောင်း ကာကွယ်ရေးကျွမ်းကျင်သူတစ်ဦး ပြောကြား

အစစ်အမှန်ထိန်းချုပ်မျဉ်း(LAC)တွင် တရုတ်စစ်တပ်၏ လှုပ်ရှားမှုများမှာ သံသယဖြစ်ဖွယ်ကောင်းပြီး ကင်းလှည့် သည့် နေရာများကို အမြဲတမ်းထိန်းချုပ်မျဉ်းအဖြစ် ထားရှိသင့်ကြောင်းနှင့် အိန္ဒိယက နယ်စပ်ဒေသများတွင် ထောက်ပံ့ပို့ဆောင်ရေးကို အရှိန်မြှင့်လုပ်ဆောင်သင့်ကြောင်း ကာကွယ်ရေးကျွမ်းကျင်သူတစ်ဦးက ဒီဇင်ဘာ ၁၂ရက်တွင် ပြောကြားလိုက်သည်။

လိုအပ်ပါက တရုတ်၏ လုပ်ရပ်များနှင့် ပတ်သက်ပြီး အိန္ဒိယက ရပ်တည်ချက်ပြောင်းလဲရမည်ဖြစ်ကြောင်းနှင့် စစ်ဘက်ဆွေးနွေးပွဲများကိုမူ ဆက်လက်လုပ်ဆောင်သင့်ကြောင်း စစ်ရေးကျွမ်းကျင်သူ ဘက်ရှီက ပြောကြား ခဲ့သည်။

တာဝမ်ဒေသတွင် အိန္ဒိယနှင့် တရုတ်တပ်များ ဒီဇင်ဘာ ၉ရက်က ပစ်ခတ်တိုက်ခိုက်မှုအတွင်း နှစ်ဖက်တပ်မှ တပ်ဖွဲ့ဝင်များ ဒဏ်ရာအနည်းငယ်ရခဲ့ကြောင်းနှင့် ယင်းဧရိယာမှ နှစ်ဖက်တပ်များ ချက်ချင်းဆုတ်ခွာခဲ့ကြောင်း ဒီဇင်ဘာ ၁၂ရက်တွင် သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။

အာရန်နာချယ်ပရာဒေ့ရှ်ပြည်နယ် တာဝမ်ဒေသတွင် ဒီဇင်ဘာ ၉ရက်က ပစ်ခတ်တိုက်ခိုက်ရာနေရာတွင် အိန္ဒိယ တပ်များတပ်ဖြန့်ထားသဖြင့် တရုတ်တပ်များကို ကောင်းစွာတိုက်ခိုက်နိုင်ခဲ့ပြီး တိုက်ပွဲတွင် ဒဏ်ရာရရှိထားသည့် တရုတ်စစ်သားအရေအတွက်မှာ အိန္ဒိယစစ်သားများထက် ပိုများကြောင်း သတင်းရင်းမြစ်များက ဆိုသည်။

တရုတ်က စစ်သား ၃၀ဝ ခန့်ဖြင့် စနစ်တကျပြင်ဆင်တိုက်ခိုက်ခဲ့သော်လည်း အိန္ဒိယဘက်က ကောင်းစွာ ပြန်လည်တိုက်ခိုက်မည်ကို မျှော်လင့်မထားခဲ့ကြောင်း သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။

“တရုတ်တွေက အရင်ရပ်တည်ချက်အတိုင်းပါပဲ။ ရန်လိုနေတယ်။ ကျွန်တော်တို့က အခု တပ်လှန့်ထားရပါမယ်။”

အိန္ဒိယတပ်များ၏ လျင်မြန်စွာ တိုက်ခိုက်မှုများကို တရုတ်က မမျှော်လင့်ထားကြောင်း ဘက်ရှီက ANI သို့ ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required