အိန္ဒိယဘက်ယိမ်းသည့် ဘူတန်ကို တရုတ် ခြိမ်းခြောက်

By Economic Times
18 December 2022
အိန္ဒိယဘက်ယိမ်းသည့် ဘူတန်ကို တရုတ် ခြိမ်းခြောက်

ဘူတန်နိုင်ငံခြားရေးမူဝါဒကို အိန္ဒိယက သြဇာလွှမ်းမိုးသည်နေသည်ဟု တရုတ်က ယူဆနေပြီး အိန္ဒိယဘက် ယိမ်းနေခြင်းကြောင့် ဘူတန်နှင့် ပိုင်နက်အငြင်းပွားမှုခြင်းကိစ္စကို တရုတ်က ပြဿနာရှာနေခြင်းက ဘူတန်ကို ဒဏ်ခတ်ခြင်းဖြစ်ကြောင်း ပညာရှင်များကို ကိုးကား၍ Epardafas.com က ဖော်ပြလိုက်သည်။

တရုတ်နှင့် ဘူတန်သည် ဆက်ဆံရေးကောင်းမွန်ခဲ့သော်လည်း ၁၉၄၉ခုနှစ်တွင် တိဗက်ကို တရုတ်က ကျူးကျော်ပြီးနောက်ပိုင်းမှစ၍ ဆက်ဆံရေး တင်းမာလာခဲ့သည်။

တရုတ်ခေါင်းဆောင် မော်စီတုံးက ဘူတန်အား တရုတ်ပိုင်နက်နယ်မြေအဖြစ် တောင်းဆိုခြင်းက အခြေအနေကို ပိုမို ဆိုးရွားစေခဲ့သည်။

၁၉၅၄ နှင့် ၁၉၅၈ ခုနှစ် တရုတ်မြေပုံအသစ်များနှင့် ဘူတန်နယ်မြေ စတုရန်းမိုင် ၃၀ဝ ကို တရားမဝင်သိမ်းပိုက် ခြင်းကြောင့် ဘူတန်နှင့် ပတ်သက်သည့် တရုတ်အစီအစဉ်များကို ပိုမို စိုးရိမ်ပူပန်လာခဲ့ရသည်။

ယင်းကာလအတွင်း အိန္ဒိယက ဘူတန်တွင် စစ်ရေးလေ့ကျင့်ရေးအဖွဲ့ (IMTRAT) ကို တပ်ဖြန့်ကာ ၁၉၆၁ခုနှစ် တွင် ဘူတန်လုံခြုံ ရေးတပ်ဖွဲ့များကို လေ့ကျင့်ပေးခဲ့ခြင်းဖြင့် နိုင်ငံလုံခြုံရေးကို ပံ့ပိုးပေးခဲ့သည်။

၂၀၁၇ခုနှစ်တွင် အိန္ဒိယနှင့် တရုတ်တပ်ဖွဲ့များ ဒိုခ်လမ်ဒေသတွင် ပစ်ခတ်တိုက်ခိုက်မှုကြောင့် လုံခြုံရေးကိစ္စက ပိုမိုအရေးကြီးလာခဲ့သဖြင့် အိန္ဒိယနှင့် ဘူတန်တပ်ဖွဲ့များက မဟာဗျူဟာမြောက်နယ်မြေများလုံခြုံရေးအတွက် ပိုမိုပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း နီပေါအခြေစိုက် အွန်လိုင်းမဂ္ဂဇင်းဖြစ်သည့် Epardafas.com က ဖော်ပြခဲ့ သည်။

ဘူတန်နှင့် အိန္ဒိယ နှစ်နိုင်ငံဆက်ဆံရေးက နှစ်နိုင်ငံစလုံးအတွက် အကျိုးဖြစ်ထွန်းစေခဲ့သည်။

အိန္ဒိယက ရေအားလျှပ်စစ်၊ ကုန်သွယ်မှု၊ ပညာရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး အပါအဝင် တခြားနယ်ပယ် များတွင် အကူအညီများ ပေးအပ်ခဲ့ကြောင်း epardafas.com တွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly