ဟောင်ကောင်ဒီမိုကရေစီ ပြိုလဲလုနီးပါး ဖြစ်နေ

ဟောင်ကောင်ဒီမိုကရေစီ ပြိုလဲလုနီးပါး ဖြစ်နေ

အဓိက အတိုက်အခံပါတီဖြစ်သည့် ပြည်သူ့ပါတီက ပါတီလှုပ်ရှားမှုများရပ်ဆိုင်းလိုက်သည်နှင့်အမျှ ဟောင်ကောင် ၏ ဒီမိုကရေစီသည် ပြိုလဲလုနီးပါးဖြစ်လာနေသည်။

လက်ရှိအခြေအနေများကြောင့် ဟောင်ကောင်၏ ဒီမိုကရေစီလိုလားသော ပါတီသည် လုပ်ကိုင်ခွင့်မသာတော့ ကြောင်း The Singapore Post က ဖော်ပြခဲ့သည်။

ဟောင်ကောင်အမျိုးသားလုံခြုံရေးဥပဒေကို ၂၀၂၀ပြည့်နှစ် ဇွန်လတွင် ပြဋ္ဌာန်းပြီးကတည်းက ဒီမိုကရေစီအဖွဲ့ အစည်းအားလုံးအတွက် အပြောင်းအလဲများ စတင်ခဲ့သည်။

ဟောင်ကောင်တွင် လုပ်သာကိုင်သာမရှိတော့သည့် ပါတီများစာရင်းတွင် ပြည်သူ့ပါတီသည်လည်း ပါဝင်လာ ခဲ့ကြောင်း The Singapore Post သတင်းတွင် ဖော်ပြထားသည်။

ဟောင်ကောင်တွင် ဒီမိုကရေစီလိုလားသော ပြည်သူ့ပါတီဥက္ကဋ္ဌ အလန်လုံက ၁၆ နှစ်ကြာ နိုင်ငံရေးလုပ်ငန်းများ ဆောင်ရွက်ပြီးနောက် ပါတီကို ဖျက်သိမ်းရန် စီစဉ်နေကြောင်း ပြောကြားလိုက်သည်။

အမှုဆောင်ကော်မတီတွင် ရာထူးများ ခန့်အပ်ရန် အဖွဲ့ဝင်အမည်စာရင်း မတင်သွင်းခဲ့ဘဲ ၎င်းက ကြေညာချက် ထုတ်ပြန်ခဲ့သည်။

လက်ရှိတွင် အဖွဲ့ဝင် ၃၀ဝ ကျော်ရှိသည့် ပြည်သူ့ပါတီသည် ဟောင်ကောင်အစိုးရ၏ အဓိကအတိုက်အခံပါတီ များထဲမှ တစ်ဖွဲ့ဖြစ်သည်။

အမျိုးသားလုံခြုံရေးဥပဒေ အသက်ဝင်ပြီး ၂နှစ်အကြာတွင် ခေါင်းဆောင်အများအပြား ပါတီမှ ထွက်ခွာခဲ့ကြ သည်။ အရပ်သားပါတီ နှစ်ပတ်လည် အထွေထွေအစည်းအဝေးကို ဒီဇင်ဘာ ၁၇ ရက်တွင် ကျင်းပရန် စီစဉ်ထား သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly