ထိုင်ဝမ်ကို ကူညီထောက်ပံ့မည့် ကာကွယ်ရေးဥပဒေကြမ်းကို အမေရိကန်အထက်လွှတ်တော် အတည်ပြု

ထိုင်ဝမ်ကို ကူညီထောက်ပံ့မည့် ကာကွယ်ရေးဥပဒေကြမ်းကို အမေရိကန်အထက်လွှတ်တော် အတည်ပြု

အမေရိကန်အထက်လွှတ်တော်သည် ၂၀၂၃ ခုနှစ်မှ ၂၀၂၇ ခုနှစ်အကြား စစ်ဘက်ဆိုင်ရာ ရည်ရွယ်ချက်များ အတွက် နှစ်စဉ် ထောက်ပံ့ငွေ အမေရိကန် ဒေါ်လာ ၂ ဘီလီယံအထိ ပါဝင်သော ထိုင်ဝမ်ဆိုင်ရာ ပြဋ္ဌာန်းချက် များစွာပါသည့် ၂၀၂၃ အမျိုးသားကာကွယ်ရေးလုပ်ပိုင်ခွင့်အက်ဥပဒေ (NDAA) ကို ဒီဇင်ဘာ ၁၅ ရက်က အတည်ပြုလိုက်သည်။

ထောက်ခံမဲ ၈၃ မဲ၊ ကန့်ကွက်မဲ ၁၁ မဲဖြင့် အထက်လွှတ်တော်က အတည်ပြုလိုက်သော အမေရိကန် ဒေါ်လာ ၈၅၈ ဘီလီယံအကူအညီပေးမည့် အမေရိကန်အက်ဥပဒေကို သမ္မတ ဂျိုးဘိုင်ဒင်အတည်ပြုရေး တင်ပြသွား မည်ဖြစ်သည်။

ပြည်ပစစ်ဘက်ရေးရာငွေကြေးထောက်ပံ့မှုအစီအစဉ်အရ အမေရိကန်လက်နက်များကို ဝယ်ယူနိုင်သည့် ခွင့်ပြုချက်များအပြင် NDAAအရ အကြီးစားစစ်လက်နက်ပစ္စည်းများဝယ်ယူရန် ၂၀၂၃ မှ ၂၀၂၇ ခုနှစ်အတွင်း ထိုင်ဝမ်သို့ နှစ်စဉ်ချေးငွေ ထိုင်ဝမ်ဒေါ်လာ ၂ ဘီလီယံအထိ ရရှိမည်ဖြစ်သည်။

သို့သော ထိုင်ဝမ်သည် ထိုအကူအညီမရရှိမီ ထောက်ပံ့ကြေးများနှင့်ချေးငွေအတွက် သင့်လျော်သော ဥပဒေကြမ်းဖြင့် အဆိုပြုကာ အမေရိကန်ကွန်ဂရက်၏ အတည်ပြုမှုကို ရယူရပေမည်။

ထိုင်ဝမ်ရေတပ်ဖွဲ့သည် ၂၀၂၄ ခုနှစ်တွင် ပစိဖိတ်ရပ်ဝန်းလေ့ကျင့်မှုတွင် သင့်လျော်သလို ပါဝင်သင့်ကြောင်း ဖော်ပြထားသော အနှောင်အဖွဲ့မပါဝင်သည့် ကွန်ဂရက်အကူအညီ ထည့်သွင်းထားမှုကိုလည်း အထက်လွှတ်တော် က အတည်ပြုခဲ့သည်။

ငွေကြေးထောက်ပံ့မှုအပြင် ထိုင်ဝမ်သည် အမေရိကန်ကာကွယ်ရေးဌာနမှ နှစ်စဉ် အမေရိကန်ဒေါ်လာ ၁ ဘီလီယံတန်ဖိုးရှိ စစ်လက်နက်ပစ္စည်းများနှင့် ဝန်ဆောင်မှုများကို ဝယ်ယူခွင့်လည်း ရထားသည်။

ထိုင်ဝမ်၏ စစ်ရေးစွမ်းရည်နှင့် တိုက်ပွဲဝင်အသင့်ဖြစ်မှုကို တိုးတက်စေရန်နှင့် လွတ်လပ်ပွင့်လင်းတည်ငြိမ်သော အင်ဒိုပစိဖိတ်ဒေသဖြစ်စေရန် ထိုင်ဝမ်၏ ကြိုးပမ်းအားထုတ်မှုများကို အားပေးသည့် ဥပဒေကြမ်းကို ထောက်ခံသည့်အတွက်အမေရိကန်ကွန်ဂရက်ကို ကျေးဇူးတင်ရှိကြောင်း ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာန (MND) က ဒီဇင်ဘာ ၁၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required