နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၁၈ ဒီဇင်ဘာ ၂၀၂၂)

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၁၈ ဒီဇင်ဘာ ၂၀၂၂)

အမျိုးသားညီညွတ်ရေး အစိုးရ

· စစ်ကောင်စီလက်အောက်တွင် ပြည်ပ‌ရွှေ့ပြောင်းလုပ်ကိုင်သူများအတွက် အကာအကွယ် မရှိသလို ပြည်တွင်း ရွှေ့ပြောင်းနေထိုင်လုပ်ကိုင်သူများမှာလည်း ဖိနှိပ်မှု မျိုးစုံ ကြုံတွေ့ နေရပြီး အခြေခံအလုပ်သမား အခွင့်အရေးနှင့် လူ့အခွင့်အရေးများ ချိုးဖောက်ခံနေရကာ ကူကယ်ရာမဲ့ နေသည့် အခြေအနေ ဖြစ်ပေါ် လျက်ရှိကြောင်း အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာသူများနေ့အတွက် အလုပ်သမားဝန်ကြီးမှ ပေးပို့ သော သဝဏ်လွှာတွင် ထည့်သွင်းဖော်ပြထားသည်။

· အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့်ခရိုင်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များသည် ဒီဇင်ဘာ ၁၇ ရက် နေ့လည် ၂ နာရီက တွေဆုံဆွေးနွေးမှုပြုလုပ်ခဲ့ကြကြောင်း သိရသည်။

· ကရင်ပြည်နယ်၊ တပ်မဟာ (၆) နယ်မြေ ရှေ့တန်းစခန်းမှ PDF များနှင့်NUG ဒုဝန်ကြီး ဒေါ်အိသဉ္ဇာမောင် တွေ့ဆုံခဲ့ ကြောင်း တောင်ပိုင်းစစ်ဒေသ သတင်းနှင့်ပြန်ကြားရေးက ထုတ်ပြန်သည်။

တော်လှန်ရေး လှုပ်ရှားမှုများ

· စစ်ကိုင်းတိုင်း၊ ရေဦးမြိုနယ်၊ ရွာမိဿရွာအနီး အကြမ်းဖက် စစ်တပ်နှင့် ကာကွယ်ရေး တပ်ဖွဲများ တိုက်ပွဲဖြစ် ပွားပြီးနောက်နေအိမ် ၇၀၀ ကျော်ရှိသော ရွာမိဿရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးသဖြင့် ရွာလုံးကျွတ်နီးပါး မီးလောင်သွားကြောင်းသိရသည်။

· ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် "တရားမဝင် အတုအယောင် ရွေးကောက်ပွဲ လူထုအားနဲ့တိုက်ဖြတ်ကြ" စာတန်း ကိုင်ဆောင်ကာ အကြမ်းဖက် စစ်ကောင်စီ ဖြုတ်ချရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။

· အရာတော်မြို့နယ် လူထုသပိတ်ဦးဆောင်ကော်မတီ၊ ဒေသခံပြည်သူလူထုများ အတူပူးပေါင်းကာ "ဖက်ဆစ် ယန္တရားကို ဖြိုဖျက် ပြည်သူ့ယန္တရားကိုတည်ဆောက်"၊ "တရားမဝင်တဲ့ ရွေးကောက်ပွဲလူထုအားနဲ့ တိုက်ဖျက် ကြ" စသည့်ဘန်နာစာတန်းများကိုင်ဆွဲကာ မုံရွာမြို့ ဈေးတစ်နေရာတွင် အကြမ်းမဖက် လူထုလှုပ်ရှားမှုတစ်ခု ကို ယနေ့ ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ပြုလုပ်ခဲ့သည်။

· ယင်းမာပင် မြောက်ခြမ်း ရွာပေါင်းစုံ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြသည်။

· စစ်ကိုင်းတိုင်း ၊ ကန့်ဘလူမြို့နယ်အတွင်းရှိကျေးရွာများအား မီးရှို့ဖျက်ဆီးနေသည့် စစ်ကောင်စီ တပ်ကို လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ခြင်း၊ ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း TBK တောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။

· မြိုင်မြို့နယ်အခြေခံပညာအထွေထွေသပိတ်ကော်မတီ ၊ ဗကသရဲဘော်များ ၊ ဗမာနိုင်ငံလုံးဆိုင်ရာ လူငယ် ကဗျာဆရာများသမဂ္ဂ(ဗလကသ)နှင့် ဒေသခံပြည်သူလူထုပူးပေါင်းပါဝင်ကာ ယနေ့ ဒီဇင်ဘာလ ၁၈ ရက်နေ့မနက်တွင် " စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်စစ်ကြောင်းဖြင့် ချီတက်ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

· တောင်ကိုရီးယားနိုင်ငံ၊ အူဆန်မြို့နှင့် ချန်းဝမ်မြို့တို့တွင် ပြည်ပရောက် မြန်မာနိုင်ငံသားများ ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် အကြမ်းဖက် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

· ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ဖားကျကျေးရွာတွင် ယနေ့ ဒီဇင်ဘာလ ၁၈ ရက် နံနက် ၁ နာရီဝန်းကျင်က စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သော လက်နက်ကြီးများထိမှန်ပြီး လူနေအိမ် လေးလုံး ထိခိုက်ပျက်စီးသွားသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

· ဧရာဝတီတိုင်း၊ ပုသိမ်အကျဥ်းထောင်တွင် ဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဉ်းသားများအနက် ရှစ်ဦးကို ဒီဇင်ဘာလ ၁၅ ရက်နေ့ မနက်ပိုင်းက ထောင်ဒဏ် ငါးနှစ်စီ ချမှတ်လိုက်ကြောင်း သိရသည်။

· ရန်ကုန်တိုင်း၊ကြည့်မြင်တိုင်မြို့နယ် တဖက်ကမ်းရှိ စက်ဆန်းရပ်ကွက်တွင် စစ်ကောင်စီတပ်က လူငယ်လေး ဖမ်းဆီးသွားကြောင်း ရပ်ကွက်နေ ပြည်သူများက ပြောသည်။

· ရန်ကုန်တိုင်းရှိ မြို့နယ်များတွင် ဖွင့်လှစ်ထားသည့် Wave Money ဆိုင်များတွင်ငွေလွှဲ ငွေထုတ် သူများ၏ ကိုယ်ရေး မှတ်တမ်း ယူထားရန်နှင့် ရှောင်တခင် ဝင်ရောက် စစ်ဆေးသည့်အခါ မှတ်တမ်း မပြသနိုင်ပါက အ‌ရေးယူမယ် ဆိုပြီးတော့ ဆိုင်ရှင်များကို စစ်တပ်က မြို့နယ် ထွေအုပ်ရုံး၌ ခေါ်ယူ သတိပေး ခြိမ်းခြောက်ခဲ့ကြောင်း သိရသည်။

· အာဏာသိမ်းစစ်ကောင်စီက ရှမ်းပြည်နယ် တောင်ကြီးမြို့တွင် ယမ်းစိမ်းအပါအဝင် ယမ်းနှင့် ဆက်စပ် ပစ္စည်းများအားလုံး အသုံးပြုခွင့်ပိတ်ပင်ထားကြောင်း မီးပုံးပျံပညာရှင်များထံကနေ သိရသည်။

တိုင်းရင်းသား လက်နက်ကိုင်များ

· ဒီဇင်ဘာလ ၁၆ ရက် နံနက် ၅ နာရီ ၄၅ မိနစ်အချိန်တွင် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ လှိုင်း၀ ခလရ ၂၃၁ စစ်တပ်စခန်းကို ကျားဖြူစစ်ကြောင်း က ဦးဆောင်ပြီး မဟာမိတ်တပ်များက တိုက်ခိုက်ရာ တပ်ရင်းမှူး အပါအဝင် ၇ ဦးသေကာ ၉ ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း ကျားဖြူတပ်ခွဲ ၁ က သ တင်း ထုတ်ပြန်သည်။

· ရှမ်းပြည်နယ်၊ တအောင်းဒေသ နမ့်ဆန်မြို့နယ်၊ ကုန်းသာ၊ ဟူးမန်းနှင့် မန်းလုံးကျေးရွာများကို အကြမ်း ဖက် စစ်ကောင်စီက ထိုးစစ်ဆင်တိုက်ခိုက်မှုနှင့်ပတ်သက်၍ အကြမ်းဖက်စစ်ကောင်စီထုတ်ပြန်သလို

မဟုတ်ပဲ ကျူးကျော်ဖျက်ဆီးရန် ကြိုးပမ်းခြင်းကြောင်း၊ လက်နက်ခဲယမ်းများသိမ်းဆည်းရရှိသည်မှာ လည်း မှန်ကန်မှုမရှိကြောင်း TNLA ကထုတ်ပြန်သည်။

စစ်ကောင်စီ

· စစ်ကောင်စီတပ် အကျအရှုံးများခဲ့သည့် ရှမ်းပြည်နယ် မြောက်ပိုင်း၊ နမ့်ဆန်တိုက်ပွဲတွင် ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ကို ဦးတည် တိုက်ခိုက်ခြင်း မဟုတ်ဘဲ ပြည်သူ့ ကာကွယ် ရေး တပ်ဖွဲ့ (PDF) ကိုသာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း စစ်ကောင်စီက ဆိုလာသည်။

· ဟိုတယ်/တည်းခိုရိပ်သာ လုပ်ငန်းရှင်များအနေဖြင့် လာရောက်တည်းခိုကြမည့် ဧည့်သည်များ၏မှတ်ပုံတင်ပါ အချက်အလက်နှင့် တည်းခိုနေထိုင်မည့်သူများအား တိုက်ဆိုင်စစ်ဆေးကာလုံခြုံရေးအမြင်ရှိရှိဆောင်ရွက် သွား ကြရန်လိုအပ်ကြောင်း အကြမ်းဖက်စစ်ကောင်စီခန့် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် မြတ်ကျော်က ပြောသည်။

· စက်မှုဇုန် ၂၉ ဇုန်မှ ထုတ်ကုန်ပစ္စည်းများပြပွဲကို ရန်ကုန်မြို့မင်းဓမ္မလမ်းရှိ မြန်မာအပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ (MCC) ခန်းမ၌ ကျင်းပလျက်ရှိရာစစ်ကောင်စီ ပြန်ကြားရေး ဝန်ကြီး မောင်မောင် အုန်း သွားရောက် ကြည့်ရှုအားပေးကြောင်း သိရသည်။

ဒီဇင်ဘာ ၁၈ ရက် သုံးသပ်ချက်

· စစ်ကောင်စီတပ်က TNLA ကို လေကြောင်းချီပြီး လျှပ်တပြက်ဝင်တိုက်ခိုက်ရာ TNLA က ပြန်လည် တိုက် ခိုက်၍ အသေများခဲ့သည်။ယင်းသို့အသေများပြီးမှ အရှက်ပြေ TNLA ကိုတိုက်ခိုက်ခြင်း မဟုတ် ကြောင်း PDF ကိုသာတိုက်ခိုက်ခြင်းဖြစ်ကြောင်း ပြောဆိုပြီး PDF များလက်နက်သိမ်းဆည်းရ မိကြောင်း စစ် ကောင်စီက ဗြောင်လိမ်သည်။တိုက်ပွဲသတင်းများဗီဒီယိုဖိုင်များ TNLA မှ အချိန်နှင့်တပြေးညီ ထုတ် ပြန်ပြီးသားဖြစ်၍ စစ်ကောင်စီ၏ လိမ်ညာထုတ်ပြန်ချက်သည် လူရီစရာဖြစ်နေသည်။

· စစ်ကောင်စီတပ်များသည် အညာဒေသတွင် စစ်ကြောင်းများထိုးပြီး ရွာများကိုမီးရှို့ဖျက်ဆီးနေသည်။ ယင်းအခြေအနေကို ကြည့်ခြင်းအားဖြင့် အညာဒေသကို တိုင်းရင်းသားလက်နက်ကိုင်ဒေသများကဲ့သို့ လွတ်မြောက်နယ်မြေဖြစ်သွားမှာ ကြောက်နေခြင်းဖြစ်သည်ဟု ဆိုရမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly