ကိုဗစ်ဒဏ်ခံနေရသော ပေကျင်းမြို့တွင် နာရေးနှင့်ဈာပနခန်းမများ၌ ဖျားနာနေသော ဝန်ထမ်းများကြောင့် ဝန်ဆောင်မှုအတွက် ရုန်းကန်နေရ

ကိုဗစ်ဒဏ်ခံနေရသော ပေကျင်းမြို့တွင် နာရေးနှင့်ဈာပနခန်းမများ၌ ဖျားနာနေသော ဝန်ထမ်းများကြောင့် ဝန်ဆောင်မှုအတွက် ရုန်းကန်နေရ

လူဦးရေ ၂၂ သန်းခန့်ရှိသည့် ကိုဗစ်ဒဏ်ခံနေရသော ပေကျင်းမြို့ရှိ နာရေးအသင်းများမှ ဝန်ထမ်းများနှင့် ယာဉ်မောင်းများသည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရခြင်းကြောင့် ဖျားနာနေကြသော်လည်း အသုဘခန်းမများတွင် ဈာပနအခမ်းအနားနှင့် မီးသင်္ဂြိုဟ်မှုဝန်ဆောင်မှုများအတွက်အလျင်မီစေရန် အသည်းအသန် ရုန်းကန်နေရသည်။

အိုမီခရွန်မျိုးကွဲသည် အားပျော့ကြောင်း ကြေညာပြီးနောက် သမ္မတရှီကျင့်ဖျင်၏ ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒ အပေါ် မကြုံစဖူးဆန္ဒပြမှုများဖြစ်ပေါ်လာကာ အစိုးရသည် လွန်ခဲ့သော တစ်ပတ်ကျော်က ကိုဗစ်စီမံချက်များကို ရုပ်ချည်းပြောင်းလဲခဲ့သည်။

တရုတ်နိုင်ငံတစ်ဝန်းရှိ မြို့ကြီးများတွင် ကိုဗစ်ကူးစက်မှု ပထမလှိုင်းကို ကြုံနေရချိန်မှာ တရုတ်အစိုးရက ရောဂါလက္ခဏာမပြင်းထန်ပါက အိမ်၌သာ ကုသကြရန် ၁ ဒသမ ၄ ဘီလီခန့်ရှိသော ပြည်သူများကို မှာကြားထားသည်။

ပေကျင်းတွင် ဒီဇင်ဘာ ၇ ရက်က မူဝါဒများပြောင်းပြီးနောက်ပိုင်း ကိုဗစ်ကြောင့်သေဆုံးသူစာရင်းကို မထုတ်ပြန်သေးဘဲ ဖျားနာနေသော နာရေးဝန်ထမ်းများသည် စားသောက်ဆိုင်များနှင့် ပို့ဆောင်ရေးကုမ္ပဏီများမှ မှစ၍ အသုဘအခမ်းအနား ၁ ဒါဇင်ခန့်မှဝန်ထမ်းများအထိ ထိတွေ့ဆက်ဆံခဲ့ရသည်။

“ကားနဲ့အလုပ်သမားတွေကလည်း မလောက်တော့ပါဘူး။ မီးသင်္ဂြိုဟ်ပေးရမယ့်အလုပ်လည်း မနိုင်မနင်းဖြစ်နေပြီ။ ကျွန်တော်တို့အလုပ်သမားတွေအတော်များများလည်း ကိုဗစ်ကူးစက်ခံထားရတယ်” ဟု Miyunနာရေးအဖွဲ့မှ ဝန်ထမ်းတစ်ဦးက Reuters သတင်းဌာနသို့ပြောသည်။

“Huairouနာရေးခန်းမမှာဆိုရင် မီးသင်္ဂြိုဟ်ဖို့စောင့်နေရတဲ့ ရုပ်အလောင်းဟာ ၃ ရက်လောက်ကြာနေပါပြီ။ ဒီမှာအလုပ်တွေများနေတာကြောင့် အလောင်းတွေကို ကိုယ်တိုင်လာပို့လို့ရပါတယ်" ဟု ဝန်ထမ်းတစ်ဦးက ပြောသည်။

တရုတ်ကျန်းမာရေးအာဏာပိုင်များသည် ဒီဇင်ဘာ ၃ ရက်တွင် ကိုဗစ်ကြောင့်သေဆုံးသူများကို နောက်ဆုံးအကြိမ်စာရင်းထုတ်ပြန်ခဲ့ပြီး ပေကျင်းကလည်း နိုဝင်ဘာ ၂၃ ရက်က နောက်ဆုံးအကြိမ် သေဆုံးစာရင်း ထုတ်ပြန်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required