တရုတ်တွင် မိသားစုဝင်များ၏ စီးပွားရေးကျဆင်းလာဖြင့် စစ်တပ်အငြိမ်းစားများ အလုပ်ပြန်ဝင်ရန်ကြိုးပမ်း

တရုတ်တွင် မိသားစုဝင်များ၏ စီးပွားရေးကျဆင်းလာဖြင့် စစ်တပ်အငြိမ်းစားများ အလုပ်ပြန်ဝင်ရန်ကြိုးပမ်း

တရုတ်နိုင်ငံတွင် သက်ကြီးရွယ်အိုဦးရေအလျင်အမြန်များပြားလာမှုကြောင့် လုပ်သားအင်အား နှစ်ရှည်လများကျဆင်းမှုကို ရင်ဆိုင်နေရသဖြင့် အစိုးရက အငြိမ်းစားများကို လုပ်ငန်းခွင်ပြန်ဝင်ရန် တိုက်တွန်းအားပေးလျက်ရှိသည်။

တရုတ်နိုင်ငံတွင် ၁၆ နှစ်မှ ၆၄ နှစ်အကြားရှိ လုပ်ငန်းခွင်ဝင်သည့် လူဦးရေသည် နောက်ဆယ်စုနှစ် ၈ ခုအကြာတွင် ၆၀ ရာခိုင်နှုန်းကျော် ကျဆင်းလာမည်ဟု ခန့်မှန်းရကြောင်း ကုလသမဂ္ဂက ဇူလိုင်တွင် ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

တရုတ်ပြည်မကြီးတွင် ၂၀၂၀ ခုနှစ်အကုန်၌ အသက် ၆၀ နှစ်နှင့်အထက်လူဦးရေသည် ၂၆၄ သန်းကျော်ရှိခဲ့ပြီး ၂၀၃၅ ခုနှစ်တွင် စုစုပေါင်း သန်း ၄၀၀ ကျော်အထိ မြင့်တက်လာခဲ့ပြီး တရုတ်နိုင်ငံလူဦးရေ၏ ၃၀ ရာခိုင်နှုန်းကျော် ရှိလာလိမ့်မည်ဟု နိုင်ငံကျန်းမာရေးကောင်မရှင်က ထုတ်ပြန်ခဲ့သည်။

နိုင်ငံ၏ပင်စင်စနစ်တွင် ပါဝင်လုပ်ကိုင်နေသောဝန်ထမ်းနည်းပါးလားသလို ထောက်ပံ့ပေးရမည့် သက်ကြီးရွယ်အိုအရေအတွက် များပြားလာခြင်းကြောင့် တရုတ်နိုင်ငံ၏ ပင်စင်ရန်ပုံငွေသည် ၂၀၃၅ ခုနှစ်တွင် ပြတ်လပ်သွားနိုင်ကြောင်း တရုတ်သိပ္ပံအကယ်ဒမီ၏ ၂၀၁၉ ခန့်မှန်းချက်တွင် ဖော်ပြထားသည်။

သမ္မတရှီကျင့်ဖျင်က တရုတ်နိုင်ငံတွင် တရားဝင်အငြိမ်းစားယူသည့်အသက်ကို တဖြည်းဖြည်း နောက်ဆုတ်သွားမည်ဖြစ်ကြောင်း အောက်တိုဘာလကပြုလုပ်သည့် ၂၀ ကြိမ်မြောက် ပါတီညီလာခံမိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

အစီအစဉ်အသေးစိတ်ကို မထုတ်ပြန်ခဲ့သော်လည်း လက်ရှိ ၁၄ ကြိမ်မြောက် ၅ နှစ်စီမံကိန်း (၂၀၂၁-၂၅) အတွင်း ပြောင်းလဲမှုများ တဖြည်းဖြည်းလုပ်ဆောင်သွားမည်ဟု နိုင်ငံတော်ကောင်စီက ထုတ်ပြန်ထားသည်။

အငြိမ်းစားယူသည့်အရွယ်ရောက်နေသော တရုတ်နိုင်ငံသား ၃ ပုံ ၂ ပုံကျော်ကလည်း လုပ်ငန်းခွင်ပြန်ဝင်ရန် ဆန္ဒရှိနေကြကြောင်း တရုတ်အလုပ်အကိုင်ရှာဖွေရေးပလက်ဖောင်း 51jobs.comက ပြီးခဲ့သည့်လက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သက်ကြီးပိုင်းများ၏ ၆၈ ရာခိုင်နှုန်းခန့်က အငြိမ်းစားယူသည့်အရွယ်သို့ရောက်ရှိပြီးနောက် ငွေကြေးလိုအပ်ချက်အရဖြစ်စေ အလုပ်နှင့်လက်မပြတ်ချင်သောကြောင့်ဖြစ်စေ အလုပ်ပြန်လုပ်ရန် စိတ်အားထက်သန်ကြသည်ဟု ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly