တရုတ်ခြိမ်းခြောက်မှုကြောင့် စစ်ရေးအသုံးစရိတ် ပိုမိုလိုအပ်ကြောင်းဂျပန်လွှတ်တော်အမတ်ပြောကြား

တရုတ်ခြိမ်းခြောက်မှုကြောင့် စစ်ရေးအသုံးစရိတ် ပိုမိုလိုအပ်ကြောင်းဂျပန်လွှတ်တော်အမတ်ပြောကြား

တရုတ်နှင့်မြောက်ကိုရီးယား၏ခြိမ်းခြောက်မှုခံနေရသောဂျပန်ကစစ်အသုံးစရိတ်ကိုတိုးမြှင့်ရန်လိုအပ်ကြောင်း ဂျပန်အာဏာရလစ်ဘရယ်ဒီမိုကရက်တစ်ပါတီ၏ အကြီးတန်းအဖွဲ့ဝင်တစ်ဦးက ဒီဇင်ဘာ၁၁ရက်တွင် ထိုင်ဝမ်ခရီးစဉ်အတွင်း ပြောကြားလိုက်သည်။

ထိုင်ဝမ်နှင့်ဂျပန်တို့က တရားဝင်သံတမန်ဆက်ဆံရေးမဟုတ်သည့် နီးစပ်သော ဆက်ဆံရေးရှိပြီး အထူးသဖြင့် နှစ်နိုင်ငံအနီးတွင်စစ်ရေးလှုပ်ရှားမှုများပိုမိုပြုလုပ်လာခြင်းကြောင့် နှစ်နိုင်ငံစလုံးက တရုတ်ကိုစိုးရိမ်နေကြသည်။

ဂျပန်ကဒုတိယကမ္ဘာစစ်ပြီးကတည်းကငြိမ်းချမ်းစွာနေလာခဲ့သည့်အတိုင်းအနာဂတ်တွင်လည်း ယင်းအတိုင်း ဆက်လက်ရှိနေမည်ဖြစ်ကြောင်း LDP ပါတီ၏မူဝါဒရေးရာ အကြီးအကဲနှင့်စက်မှုဝန်ကြီးဟောင်းဖြစ်သူ ကိုချီဟာကူဒါကထိုင်ဝမ်ခရီးစဉ်အတွင်းပြောကြားခဲ့သည်။

“ငြိမ်းချမ်းရေးဆိုတဲ့စကားလုံးကိုရွတ်ဆိုရုံနဲ့မလုံလောက်ပါဘူး”ဟုဂျပန်-ထိုင်ဝမ်ဆက်ဆံရေးဖိုရမ်တွင် ၎င်းကပြောကြားခဲ့သည်။

၂၀၂၃ခုနှစ်တွင် ကာကွယ်ရေးအသုံးစရိတ်ကို ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး၏ ၁ရာခိုင်နှုန်းမှ ၅နှစ်အတွင်း၏၂ရာခိုင်နှုန်းသို့တိုးမြှင့်မည့်အစီအစဉ်ကိုဂျပန်ဝန်ကြီးချုပ်ဖူမီယိုကီရှီဒါကကြေညာထားပြီးဖြစ်သည်။

ယင်းတိုးမြှင့်မှုကြောင့်ဂျပန်၏နှစ်စဉ်ကာကွယ်ရေးအသုံးစရိတ်သည်လက်ရှိတွင်ယန်း၅ဒသမ၄ထရီလီယံမှယန်း၁၁ထရီလီယံ (ဒေါ်လာ၈၀ဒသမ၅၅ဘီလီယံ) ကျော်အထိရှိလာမည်ဖြစ်ပြီး လက်ရှိတွင် အမေရိကန်နှင့် တရုတ် ပြီးလျှင် ကမ္ဘာ့တတိယအများဆုံးစစ်ရေးအသုံးစရိတ်ဖြစ်လာမည်ဖြစ်သည်။

တရုတ်စစ်အသုံးစရိတ်တိုးမြင့်လာမှုနှင့်မြောက်ကိုရီးယားဒုံးကျည်စမ်းသပ်မှုများကြောင့်ဂျပန်ကာကွယ်ရေးအသုံးစရိတ်ကိုတိုးမြှင့်ရခြင်းဖြစ်ကြောင်းဟာကူဒါကထောက်ပြပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required