ကရင်ပြည်နယ်၊ ရှေ့တန်းစခန်းမှ PDF များနှင့်NUG ဒုဝန်ကြီး ဒေါ်အိသဉ္ဇာမောင် တွေ့ဆုံ

ကရင်ပြည်နယ်၊ ရှေ့တန်းစခန်းမှ PDF များနှင့်NUG ဒုဝန်ကြီး ဒေါ်အိသဉ္ဇာမောင် တွေ့ဆုံ

ကရင်ပြည်နယ်၊ တပ်မဟာ (၆) နယ်မြေ ရှေ့တန်းစခန်းမှ PDF များနှင့်NUG ဒုဝန်ကြီး ဒေါ်အိသဉ္ဇာမောင် တွေ့ဆုံခဲ့ ကြောင်း တောင်ပိုင်းစစ်ဒေသ သတင်းနှင့်ပြန်ကြားရေးက ထုတ်ပြန်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အမျိုးသမီး၊ လူငယ် နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန ဒုဝန်ကြီးသည် စစ်ကြောင်းများသို့ လှည့်လည်ကာ ရဲဘော်များကို လက်ခံတွေ့ဆုံ၍ တော်လှန်ရေး၏ ရှေ့ဆက်တစ်နှစ်တာ စစ်ရေး အခြေအနေများတွင် အားသွန်ခွန်စိုက်ဖြင့် သက်ဆိုင်ရာ စစ်ကြောင်း အလိုက် တာဝန်ရှိသူများ နှင့်အတူ ဖက်ဒရယ်ဒီမိုကရေစီပန်းတိုင်သို့ အတူတကွ ရင်ဆိုင်မည်ဖြစ်ကြောင်း ဂုဏ်ပြုစကားပြောကြားခဲ့သည်ဟု တောင်ပိုင်းစစ်ဒေသက ဆိုသည်။

ထို့ပြင် နဂါးဖြူစစ်ကြောင်းတွင် လာရောက်ခိုလှုံနေသော အမျိုးသမီးများအား လက်ခံတွေ့ဆုံကာ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ် ဦးအား ကျန်းမာရေး အထွေထွေ အသုံးစရိတ် အတွက် ကျပ် ငါးသိန်း ထောက်ပံ့ကူညီခဲ့ သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required