ရွှေ၊ ဒေါ်လာ၊ စက်သုံးဆီနှင့် စားအုန်းဆီ ဈေးနှုန်းများ

ရွှေ၊ ဒေါ်လာ၊ စက်သုံးဆီနှင့် စားအုန်းဆီ ဈေးနှုန်းများ

မေဘယ်လ်သူ(မဇ္ဈိမ)။ ။ ပြည်တွင်းရှိ ရွှေ၊ ဒေါ်လာ၊ စက်သုံးဆီ နှင့် စားအုန်းဆီများ၏ ယနေ့ ဒီဇင် ဘာလ ၁၇ ရက်နေ့ ရည်ညွှန်းဈေးနှုန်းများနှင့် ပြင်ပပေါက်ဈေးများအား အောက်ပါအတိုင်း စုစည်းဖော်ပြထားပါသည်။

ထိုသို့ ရည်ညွှန်းဈေးနှုန်းများနှင့် ပြင်ပပေါက်ဈေးများကို ဖော်ပြရာတွင် ယခင်ရက် ပြင်ပ ဈေးနှုန်းများနှင့် နှိုင်းယှဉ်၍ ဈေးနှုန်းကွာခြားချက်များကိုပါ ထည့်သွင်း ဖော်ပြထားသည်။

ပြင်ပ အခေါက်ရွှေဈေးနှုန်းများမှာ ယမန်နေ့ ဒီဇင်ဘာလ ၁၆ရက်နေ့ ဈေးနှုန်း ၂,၆၅၅,၀၀၀ ကျပ်နှင့် ယနေ့ ဈေးနှုန်း နှိုင်းယှဉ်ကြည့်ပါက ၅,၀၀၀ ကျပ်ခန့် ဈေးတက်သွားကြောင်း သိရသည်။

(ပြင်ပရွှေဆိုင်များမှ ဈေးနှုန်းများကို ရယူထားပါသည်။)

ပြင်ပဒေါ်လာလဲလှယ်နှုန်းထားများမှာ ယမန်နေ့ ဒီဇင်ဘာလ ၁၆ရက်နေ့ ပြင်ပ ဈေးနှုန်းအတိုင်း ၂,၆၀၀ ကျပ် ဖြင့်သာ အရောင်းအဝယ်ပြုလုပ်ကြောင်း သိရသည်။

(ပြင်ပငွေလဲကောင်တာများနှင့်ဒေါ်လာအရောင်းအဝယ်ပြုလုပ်သူများထံမှရယူထားပါသည်။)

-ပြင်ပစက်သုံးဆီ ဈေးနှုန်းများမှာ ယမန်နေ့ ဒီဇင်ဘာလ ၁၆ရက်နေ့ ဈေးနှုန်းများနှင့် နှိုင်းယှဉ်ကြည့်ပါက ၉၂ နှင့် ၉၅ တစ်လီတာလျှင် ၄၅ ကျပ်စီနှင့် ဒီဇယ်ဆီနှင့် ပရီမီယံဒီဇယ်ဆီ တစ်လီတာလျှင် ၂၅ ကျပ်စီ ဈေးကျသွားကြောင်းသိရသည်။

(Moon Sun စက်သုံးဆီအရောင်းဆိုင်မှရယူထားပါသည်။)

တချို့သောဒေသများတွင် သယ်ယူပို့ဆောင်မှု စရိတ်အပေါ် မူတည်၍ ဈေးနှုန်းကွာဟမှုများ ရှိနိုင်ပြီး ဝေးလံခေါင်ဖျားသည့် ဒေသများတွင်မူ စစ်ကောင်စီ၏ သတ်မှတ် စက်သုံးဆီ ဈေးနှုန်းထက် ပိုမိုမြင့်တက်လျက်ရှိသည်။

ပြင်ပစားအုန်းဆီ ဈေးနှုန်းများမှာ ယမန်နေ့ ဒီဇင်ဘာလ ၁၆ရက်နေ့ ဈေးနှုန်း ဖြစ်သည့် စားအုန်းဆီ တစ်ပိဿာလျင် ကျပ် ၇,၀၀၀ မှ ၉,၀၀၀ ကျပ်အတွင်း ရောင်းချလျက်ရှိကြောင်း သိရသည်။

(ဘုရင့်နောင်ကုန်စည်ဈေးကွက်မှ ရယူထားပါသည်။)

စာတည်း။ ။မောင်ကောင်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly