ဟောင်ကောင် ဒီမိုကရေစီအရေးလှုပ်ရှားသူဂျေမီလိုင် ထောင်ဒဏ်ချမှတ်ခံရ

ဟောင်ကောင် ဒီမိုကရေစီအရေးလှုပ်ရှားသူဂျေမီလိုင် ထောင်ဒဏ်ချမှတ်ခံရ

ဟောင်ကောင်ဒီမိုကရေစီအရေးလှုပ်ရှားသူတစ်ဦးလည်းဖြစ်သလိုApple Daily သတင်းစာကို တည်ထောင်ဂျေမီလိုင်သည် လိမ်လည်မှု၊ သတင်းစာတိုက်ငှားရမ်းသည့် စာချုပ်ကို ဖောက်ဖျက်မှု စွပ်စွဲချက်များဖြင့် ထောင်ဒဏ် ၅ နှစ် ၉ လ ထောင်ဒဏ်ချမှတ်ခံခဲ့ရသည်။

Dico Consultants ကုမ္ပဏီကို ယခုပိတ်လိုက်ပြီဖြစ်သည့် Apple Daily သတင်းစာတိုက်တွင် ရုံးခန်းဖွင့်လှစ်ခဲ့ သည့်အတွက် မြေငှားစာချုပ်ကို ချိုးဖောက်ပြီး ပုဂ္ဂလိကကုမ္ပဏီတစ်ခု၏ လုပ်ငန်းလည်ပတ်မှုများကို ဖုံးကွယ်ထားသည့် လိမ်လည်မှု ၂ ခုဖြင့် အပြစ်ရှိကြောင်း ဆိုခဲ့သည်။

ဟောင်ကောင်တွင် တရုတ်ကို ဝေဖန်မှုဖြင့် ထင်ရှားသည့် လိုင်သည် ခွင့်ပြုချက်မရဘဲ စုဝေးမှုဖြင့် ၂၀၂၀ပြည့်နှစ် ဒီဇင်ဘာလကတည်း လ ၂၀ ကြာ ထောင်ဒဏ်ချမှတ်ခံထားရသည်။

ဂျေမီလိုင်သည် ၂၀၂၁ခုနှစ်တွင် ရဲများက ဝင်ရောက်စီးနင်းပြီးနောက် ပိတ်လိုက်ရသည့် Apple Daily၏ မိခင်ကုမ္ပဏီဖြစ်သည့် Next Digital ၏ အကြီးအကဲဖြစ်သည်။

Next Digital ၏ အခြားအကြီးအကဲတစ်ဦးဖြစ်သည့် အသက် ၆၁နှစ်အရွယ် ဝမ်ဝေခန်သည်လည်း လိမ်လည်မှုအတွက် အပြစ်ရှိသဖြင့် ၂၁လ ထောင်ကျခဲ့သည်။

ခရိုင်တရားသူကြီး စတန်လေချန်က လိုင်သည် မီဒီယာအဖွဲ့အစည်းကို အကာအကွယ်ယူပြီး လှုပ်ရှားခဲ့သည်ဟု တရားစီရင်ချက်တွင် ဖော်ပြခဲ့သည်။

မီဒီယာလုပ်ငန်းရှင်တစ်ဦးကို တရားစွဲဆိုမှုသည် စာနယ်ဇင်းလွတ်လပ်ခွင့်ကို တိုက်ခိုက်ခြင်းမဟုတ်ကြောင်း ချန်က ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required