မန္တလေးက တော်တီဆွေ ပန်းချီပြပွဲ

မန္တလေးက တော်တီဆွေ ပန်းချီပြပွဲ

008 (မန္တလေး)။ ။ ရွှေရေးခြယ်ဟု အမည်ပေးထားသည့် ဆရာတော်တီဆွေ၏ ပန်းချီပြပွဲကို မန္တလေးမြို့ ၅၃လမ်း၊၃၆လမ်းနှင့်၃၇လမ်းရှိ ဟိုတယ်ဟေဇယ်တွင် ယနေ့ ဒီဇင်ဘာ ၁၆ရက် မှစတင်၍ သုံးရက်ကြာပြုလုပ်သွားမည်ဖြစ်သည်။

အဆိုပါပြပွဲကို ဒီဇင်ဘာ ၁၆ရက် မှစတင်၍ ၁၈ရက်နေ့အထိ နံနက် ၉နာရီမှညနေ ၅နာရီအထိ ပြသသွားမည်ဖြစ်သည်။

ပြပွဲတွင် ပန်းချီကားပေါင်း ၄၀ကျော်ပြသထားပြီး ၎င်းပန်းချီးကားများကို အချိန် ငါးလအထိပေးပြီး ရေးဆွဲခဲ့ခြင်းဖြစ်သည်။သမီးလေးရွှေရေးခြယ်အမည်နှင့် လိုက်ဖက်ရန် ပြပွဲကို ရွှေရွှေးခြယ်အမည် ပေးခဲ့ကြောင်းနှင့်နောက်ထပ် ပြပွဲများလည်း ပြုလုပ်ရန် ပြင်ဆင်သွားမည်ဟု ဆရာတော်တီဆွေကဆိုသည်။

"နောက်ပွဲအတွက်လည်းပြင်ဆင်ရအုန်းမယ်။ဒါပဲလုပ်တတ်တော့ဒါပဲလုပ်နေရတဲ့သဘောပါပဲ။ပန်းချီရေးဆွဲတာအရင်ကနဲ့မတူ အစစအရာရာဈေးတွေမြင့်တက်နေတော့ဝယ်ရတာ ဈေးတက်တယ် တခါတလေကိုယ်လိုချင်တာမရတဲ့အရာတွေလည်းရှိနေပြန်တယ်။ အဆင်ပြေအောင်နေထိုင်ရင်းကိုယ်တတ်တဲ့ပညာတော့လုပ်ဆောင်နေရတာပါပဲ။"ဟုဆရာတော်တီဆွေကပြောသည်။

ပြပွဲသို့ မန္တလေးမြို့ရှိ စာပေ ပန်းချီပညာရှင်များ၊ဝါသနာရှင်များ လာရောက်​လေ့လာ ကြည့်ရှု့ခဲ့ကြသည်။

"အစုံလုပ်တဲ့သူတယောက် ခုလည်းအခရိုင်းလစ်နဲ့ရွှေခြည်ထိုးပေါင်းစပ်ပြီးပြတဲ့ပွဲ။ အကုန်ရောင်းထားပြီးပြီလို့ဆိုတယ်။ဒီအချိန်မှာကိုယ်လုပ်စရာရှိတာတွေကိုလုပ်နေပါ။ အဆင်ပြေအောင်လုပ်ဆောင်နေရင်းနဲ့ဖြတ်သန်းပါ။ထိန်းမထားနဲ့ချုပ်မထားနဲ့ လုပ်စရာရှိတာကိုလုပ်ဆောင်နေဖို့ပြောချင်ပါတယ်။"ဟု ပြပွဲသို့ တက်ရောက်လာသည့် ဆရာအော်ပီကျယ်ကပြောသည်။

ပြပွဲတွင် ပြသထားသည့် ပန်းချီကားအားလုံး ရောင်းချထားပြီး ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly