တရုတ်ပို့ကုန်နှင့်သွင်းကုန်များ နိုဝင်ဘာလတွင် ခန့်မှန်းထားသည်ထက် ကျဆင်း

တရုတ်ပို့ကုန်နှင့်သွင်းကုန်များ နိုဝင်ဘာလတွင် ခန့်မှန်းထားသည်ထက် ကျဆင်း

တရုတ်ပို့ကုန်သည် နိုဝင်ဘာလတွင် ၂၀၂၁ ခုနှစ်ကထက် ၈ ဒသမ ၇ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပြီး သွင်းကုန်များမှာလည်း ၁၀ ဒသမ ၆ ရာခိုင်နှုန်း ကျဆင်းသွားကာ အကျိုးအမြတ်များစွာမရခဲ့ကြောင်း အကောက်ခွန်အချက်အလက်ကိန်းဂဏန်းများက နိုဝင်ဘာ ၆ ရက်တွင် ဖော်ပြထားသည်။

ကမ္ဘာ့ဝယ်လိုအားကျဆင်းမှုကြောင့် တင်ပို့မှုသည် အောက်တိုဘာလတွင် ဝ ဒသမ ၃ ရာခိုင်နှုန်း ကျဆင်းခဲ့ကာ နိုဝင်ဘာတွင် ၃ ဒသမ ၅ ရာခိုင်နှုန်းအထိ ထပ်မံကျဆင်းလိမ့်မည်ဟု လေ့လာသုံးသပ်သူများက Reuters စစ်တမ်းတစ်ခုတွင် ခန့်မှန်းဖြေဆိုခဲ့သည်။

ကိုဗစ်ကန့်သတ်ချက်များနှင့် နှစ်ရှည်လများ အိမ်ခြံမြေဈေးကွက်ကျဆင်းမှုများကြောင့် ပြည်တွင်းသုံးစွဲမှု လျော့ကျသွားသဖြင့် သွင်းကုန်များသည် အောက်တိုဘာလတွင် ဝ ဒသမ ၇ ရာခိုင်နှုန်း ကျဆင်းရာမှ နိုဝင်ဘာတွင် ၆ ဒသမ ဝ ရာခိုင်နှုန်းအထိ သိသိသာသာ ကျဆင်းသွားဖွယ်ရှိကြောင်း မျှော်မှန်းထားသည်။

တရုတ်သည် အောက်တိုဘာလတွင် ကုန်သွယ်မှုပိုငွေ ဒေါ်လာ ၈၅ ဒသမ ၁၅ ဘီလီယံရရှိခဲ့ကာ နိုဝင်ဘာလတွင် ဒေါ်လာ ၇၈ ဒသမ ၁ ဘီလီယံရရှိမည်ဟု စစ်တမ်းတွင် ခန့်မှန်းခဲ့သော်လည်း ဒေါ်လာ ၆၉ ဒသမ ၈၄ ဘီလီယံသာ ရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly