ပါကစ္စတန်၌ အကြမ်းဖက်မှုများ မြင့်တက်လာခြင်းအပေါ် စိုးရိမ်ကြောင်း နိုင်ငံတကာ အသိုင်းအဝိုင်းက ထုတ်ဖော်

By The Print
15 December 2022
ပါကစ္စတန်၌ အကြမ်းဖက်မှုများ မြင့်တက်လာခြင်းအပေါ် စိုးရိမ်ကြောင်း နိုင်ငံတကာ အသိုင်းအဝိုင်းက ထုတ်ဖော်

ပါကစ္စတန်နိုင်ငံတွင် အကြမ်းဖက်မှုလုပ်ရပ်များ ရုတ်တရက် မြင့်တက်လာခြင်းနှင့် ပြည်တွင်း ဝရုန်းသုန်းကားအခြေအနေများ ရှိနေခြင်းနှင့် ပတ်သက်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းက စိုးရိမ်ပူပန်ကြောင်း ထုတ်ဖော်ခဲ့သည်။

ပါကစ္စတန်၏ ပြည်တွင်း ဝရုန်းသုန်းကား အခြေအနေက ပြီးဆုံးမည့် လက္ခဏာ ပြသခြင်း မရှိဘဲ ထိုအခြေအနေက အကြမ်းဖက်မှုနှင့်ပတ်သက်ပြီး အစိုးရ၏ ချီတုံချတုံဖြစ်နေသော အာရုံစိုက်မှုကို လမ်းကြောင်း ပြောင်းစေခဲ့ကြောင်း အခွင့်အရေးနှင့် လုံခြုံရေးဆိုင်ရာ နိုင်ငံတကာဖိုရမ် (IFFRAS) က ပြောသည်။

အခွင့်အရေးနှင့် လုံခြုံရေးဆိုင်ရာ နိုင်ငံတကာဖိုရမ် (IFFRAS) သည် ကနေဒါနိုင်ငံ တိုရွန်တိုမြို့တွင် အခြေစိုက်သည့် အကျိုးအမြတ်မယူသည့် လွတ်လပ်သော နိုင်ငံတကာ think-tank (နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအကြံပေးအဖွဲ့) တစ်ခုဖြစ်သည်။

ပါကစ္စတန်တွင် အကြမ်းဖက်မှုများ မြင့်တက်လာသည့် အလားအလာနှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်ကြောင်း ကုလသမဂ္ဂက အစောပိုင်းတွင် ထုတ်ဖော်ခဲ့သလို စည်းလုံးညီညွတ်စွာဖြင့် ကူညီပေးမည်ဟု အမေရိကန်ကလည်း ကတိပြုသည်။

တီရစ်-အီ-တာလီဘန် ပါကစ္စတန်အဖွဲ့သည် အစိုးရနှင့် သဘောတူထားသော အပစ်ရပ်စဲမှု စာချုပ်ကို နိုဝင်ဘာ ၂၈ ရက်က ဖျက်သိမ်းခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly