ပါကစ္စတန် ဂွာဒါဆိပ်ကမ်းမြို့၌ တရားမဝင် ငါးဖမ်းမှုကို ဆန့်ကျင်သော ဆန္ဒပြမှုများ ဆက်လက်ပြုလုပ်

ပါကစ္စတန် ဂွာဒါဆိပ်ကမ်းမြို့၌ တရားမဝင် ငါးဖမ်းမှုကို ဆန့်ကျင်သော ဆန္ဒပြမှုများ ဆက်လက်ပြုလုပ်

ပါကစ္စတန်နိုင်ငံ ဘာလိုချီစတန်ပြည်နယ် ဂွာဒါဆိပ်ကမ်းမြို့တွင် ပင်လယ်ရေနက်ပိုင်း တရားမဝင် ငါးဖမ်းခြင်းကို ဆန့်ကျင်သည့် ဆန္ဒပြမှုများ ဆက်လက်ပေါ်ပေါက်လျက် ရှိပြီး ဆန္ဒပြသူများသည် “ဂွာဒါကို ရပိုင်ခွင့်များ ပေးပါ” ဆိုသည့် ခေါင်းစဉ်အောက်တွင် ဆန္ဒပြမှုများ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း Geo-politik က ဖော်ပြသည်။

လုံခြုံရေးစစ်ဆေးရေးဂိတ်များ၌ ဒေသခံများ၏ အနှောင့်အယှက်ပေးမှုများ ရှိနေသည်ကို ကြည့်မည်ဆိုပါက ထိုဒေသတွင် ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်ပြီး အာဏာပိုင်တို့ပေးထားသော ကတိကဝတ်များ ပျက်ကွက် နေမှုအပေါ် ဒေသခံပြည်သူများ စိတ်ပျက်လက်ပျက်ဖြစ်နေကြောင်းကို ပြသနေသည်။

ဆန္ဒပြသူများက ၎င်းတို့၏ အသက်မွေးဝမ်းကျောင်းများ ဖျောက်ဖျက်ခံလိုက်ရပြီဟု ယုံကြည်နေကြသလို ပစ်ပယ်ခံ ထားရသကဲ့သို့လည်း ခံစားနေကြရသည်။

လက်ရှိ ဆန္ဒပြနေကြသည့် ငါးဖမ်းသမားများနှိင့်အတူ တစ်သားတည်း ရှိသည်ဟု ဂျမတ်-အီ-အစ္စလမ္မီ ဘာလူချီစတန်ပါတီ၏ အထွေထွေ အတွင်းရေးမှူး မော်လာနာ ဟိုင်ဒါယက် အူရ် ရာမန်က ပြောကြောင်း Geo-politik က ဖော်ပြသည်။

ဂွာဒါရှိ လူဦးရေ၏ ၉၀ ရာခိုင်နှုန်းသည် ငါးဖမ်းသမားများဖြစ်ကြောင်း မော်လာနာ ဟိုင်ဒါယက် အူရ် ရာမန်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly