အမေရိကန်က တရုတ်၏ အာကာသဆိုင်ရာ လုပ်ဆောင်ချက်များကို စောင့်ကြည့်နေ

By Taipei times
15 December 2022
အမေရိကန်က တရုတ်၏ အာကာသဆိုင်ရာ လုပ်ဆောင်ချက်များကို စောင့်ကြည့်နေ

ကမ္ဘာ့ပတ်လမ်းနိမ့်ပိုင်း၌ အပျက်အစီးများ လျင်မြန်စွာ စုပုံလာသဖြင့် အာကာသအတွင်းရှိ အမေရိကန်ဂြိုဟ်တု များကို ခြိမ်းခြောက်နိုင်သည့် တရုတ်၏ လုပ်ဆောင်မှုများကို အနီးကပ် စောင့်ကြည့်နေကြောင်း အမေရိကန် အာကာသတပ်ဖွဲ့ အကြီးအကဲက ဒီဇင်ဘာ ၉ရက်တွင် ပြောကြားခဲ့သည်။

ဂြိုဟ်တုများနှင့် အာကာသစခန်းများကို အန္တရာယ်ဖြစ်စေသည့် ကြီးမားကျယ်ပြန့်သော အာကာသ အပျက်အစီး များကို ဖြစ်စေသည့် ဂြိုဟ်တုများတိုက်ရိုက်ဖျက်စီးရေး (ASAT) စမ်းသပ်မှုများကို နိုင်ငံများက မလုပ်ဆောင်ရန် တားမြစ်သည့် ဆုံးဖြတ်ချက်တစ်ရပ်ကို ကုလသမဂ္ဂတွင် ချမှတ်ရန် အမေရိကန် အာကာသတပ်မှူး ဂျိမ်းဒစ်ကင် ဆန်က တိုက်တွန်းခဲ့သည်။

“အာကာသမှာ တွေ့ရတဲ့ အပျက်အစီးတွေကို ကျွန်တော်တို့ ဘာမှ မလုပ်နိုင်ပါဘူး” ဟု ဒစ်ကင်ဆန်က တယ်လီဖုန်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ယင်းအပျက်အစီးအများစုသည် ကျပ်တည်းပြီး ပြိုင်ဆိုင်မှုများသည့် အရေးပါသော ကမ္ဘာ့ပတ်လမ်း နိမ့်ပိုင်းတွင် တည်ရှိနေကြောင်း ၎င်းက ပြောကြားခဲ့သည်။

အရာဝတ္တုများ၏ အရေအတွက်သည် အလွန်များပြားပြီးသေးငယ်သောသတ္တုအမှုန်အမွှားများပင်လျှင် အန္တရာယ်ဖြစ်စေနိုင်သည်။

ဂြိုဟ်တုများ၊ တယ်လီစကုပ်များ၊ အာကာသစခန်းများနှင့် အရွယ်အစားအားလုံး၏ အပျက်အစီးအပိုင်းအစများ အပါအဝင် ကမ္ဘာ့ပတ်လမ်းအနီးတွင် အပိုင်းအစပေါင်း ၄၈,ဝဝဝ ကျော်ကို ခြေရာခံမိပြီး လွန်ခဲ့သည့် ၃ နှစ်က ၂၅,ဝဝဝ သာရှိခဲ့သည်ဟု ၎င်းက ပြောကြားခဲ့သည်။

ကမ္ဘာ့ပတ်လမ်းအတွင်းသို့ ဆိုဗီယက်ယူနီယံနှင့် အမေရိကန်တို့ပြီးနောက် ၂၀ဝ၃ ခုနှစ်တွင် တရုတ်က အာကာ သယာဉ်မှူးတစ်ဦး စေလွှတ်သည့် တတိယမြောက် အစိုးရဖြစ်လာခဲ့သည်။ ယင်းအချိန်မှစ၍ တရုတ်၏ အစီအစဉ်များက တဖြည်းဖြည်း တိုးတက်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly