ရှင်ကျန်းတွင် လူမျိုးတုံးသတ်ဖြတ်မှုကို ရှုတ်ချရန် ဝီဂါအုပ်စုများက မွတ်စလင်နိုင်ငံခေါင်းဆောင်များကို တိုက်တွန်း

ရှင်ကျန်းတွင် လူမျိုးတုံးသတ်ဖြတ်မှုကို ရှုတ်ချရန် ဝီဂါအုပ်စုများက မွတ်စလင်နိုင်ငံခေါင်းဆောင်များကို တိုက်တွန်း

ဝီဂါများအပေါ် ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများကို ရှုတ်ချရန်နှင့် အနောက်စွန်းရှင်ကျန်းဒေသတွင် လူမျိုးတုံး သတ်ဖြတ်မှုကို အဆုံးသတ်ရေး ဖိအားပေးရန် ဆော်ဒီအာရေဗျတွင် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ယခုသီတင်းပတ်အတွင်း တွေ့ဆုံသည့် နိုင်ငံ့အကြီးအကဲများနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ ခေါင်းဆောင်များအား ဝီဂါအဖွဲ့ ၅၀ ကျော်က ဒီဇင်ဘာ ၉ရက်တွင် တိုက်တွန်းလိုက်သည်။

ဆော်ဒီအာရေဗျသို့ ၃ ရက်ကြာ ရောက်ရှိနေသော ရှီသည် ဘုရင် ဆယ်မန် ဘင် အယ်လ် ဆတ်နှင့် ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ပြီး နှစ်နိုင်ငံခေါင်း ဆောင်များ ၂ နှစ်တစ်ကြိမ် တွေ့ဆုံရန် သဘောတူညီခဲ့သည်။

ခရီးစဉ်အစတွင် တရုတ်နှင့် ဆော်ဒီကုမ္ပဏီများသည် ရင်းနှီးမြှုပ်နှံမှု သဘောတူညီချက် ၃၀ ကျော် လက်မှတ် ရေး ထိုးခဲ့သည်။

တရုတ်-အာရပ်နိုင်ငံများ ထိပ်သီးအစည်းအဝေးအပါအဝင် အာရပ်နှင့် ပင်လယ်ကွေ့နိုင်ငံများနှင့် ထိပ်သီးအစည်း အဝေးများကို ရှီက တက်ရောက်မည်ဖြစ်သည်။ ရှီသည် အရှေ့အလယ်ပိုင်းသို့ ၂၀၁၆ခုနှစ်က နောက်ဆုံး သွားရောက်ခဲ့သည်။

“ဘာသာရေးယုံကြည်မှုနှင့် ကျင့်ထုံးများကို စွန့်လွှတ်ရန် အတင်းအကျပ် ဖိအားပေးခံရသည့် ဝီဂါလူမျိုးများအား လူမျိုးတုံးသတ်ဖြတ်မှုနှင့် ပတ်သက်၍ မွတ်စလင်နိုင်ငံအများစုက တိတ်တဆိတ်နေမှုနှင့် ပတ်သက်၍ ဝီဂါအဖွဲ့ အစည်းများက များစွာ စိတ်ပျက်မိကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြသည်။ ” ဟု ယင်းအဖွဲ့များက ထုတ်ပြန် တစ်စောင် ထုတ်ပြန်ခဲ့သည်။

ရှင်ကျန်းတွင် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်ပြီး ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဟောင်း၏ အစီရင်ခံစာနှင့်ပတ်သက်၍ လူ့အခွင့်အရေးကောင်စီတွင် ဆွေးနွေးရန် ကြိုးပမ်းသည့် ကုလသမဂ္ဂ ဆုံးဖြတ်ချက်ကို အောက်တိုဘာလတွင် မွတ်စလင်အများစုက ဆန့်ကျင်မဲပေးခြင်းနှင့် ကြားနေခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required