TikTok က လုံခြုံရေးကို ထိခိုက်ကြောင်း ထိုင်ဝမ် ပြောကြား

TikTok က လုံခြုံရေးကို ထိခိုက်ကြောင်း ထိုင်ဝမ် ပြောကြား

ကမ္ဘာတွင် အင်တာနက်မှအများဆုံးဆွဲယူသည့် အက်ပ်ပလီကေးရှင်းဖြစ်သည့် TikTok အား လုံခြုံရေးဆိုင်ရာ စိုးရိမ်မှု များကြောင့် အများပြည်သူသုံး ဆက်သွယ်ရေးစက်များတွင် TikTok ကို အသုံးမပြုရေးအတွက် တားမြစ်ထားသည့် အမေရိကန်ပြည်နယ်များကဲ့သို့ပင် ထိုင်ဝမ်ကလည်း တားမြစ်ချက် ထုတ်ပြန်လိုက်သည်။

တရုတ်ကုမ္ပဏီ ByteDance ပိုင်ဆိုင်သည့် ဗီဒီယိုဝန်ဆောင်မှုနှင့် ယင်း၏ တရုတ်ဘာသာစကားဖြင့် အသုံးပြုရ သည့် Douyin ကို အစိုးရ ရုံးများနှင့် အများသုံးစက်ပစ္စည်းများတွင် ထည့်သွင်းအသုံးပြုခြင်းမှ တားမြစ်ထား ကြောင်း ထိုင်ဝမ်မီဒီယာများက ယခုသီတင်းပတ်အစောပိုင်းတွင် ဖော်ပြခဲ့သည်။

ထိုင်ဝမ်ဒစ်ဂျစ်တယ်ရေးရာဝန်ကြီးဌာန (MODA) မှ အမည်မဖော်လိုသည့် အရာရှိတစ်ဦးက အဆိုပါ အက်ပ်များ သည် နိုင်ငံတော်သတင်းအချက်အလက်လုံခြုံရေးကို ထိခိုက်စေသည်ဟု အစိုးရက ယူဆကြောင်း ပြောကြားခဲ့ သည်။

တရုတ်လူမှုမီဒီယာ Xiaohongshu ကိုလည်း ပိတ်ပင်ထားသည်။

ကန့်သတ်ချက်တွင် မိုဘိုင်းလ်ဖုန်းများကဲ့သို့သော တစ်ကိုယ်ရည်သုံးစက်ပစ္စည်းများလည်း အကျုံးဝင်ခြင်း ရှိမရှိ မသိရသေးပေ။

ယင်းမတိုင်မီတွင်၊ ထိုင်ဝမ်အစိုးရက တရုတ်၏ iQiyi နှင့် Tencent တို့ကို ထိုင်ဝမ်တွင် အသုံးပြုခွင့်တားမြစ် ထားပြီးဖြစ်သည်။

တရုတ်တွင် ပြုလုပ်သည့် ဒစ်ဂျစ်တယ်အကြောင်းအရာများကို တတိယနိုင်ငံတွင် အခြေစိုက်သည့် အခြား ကုမ္ပဏီများ၏ အင်တာနက်မှတစ်ဆင့် ထိုင်ဝမ်သို့ ထုတ်လွှင့်ခြင်းကိုလည်း စက်တင်ဘာ ၃ ရက်မှ စတင် ပိတ်ပင်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly