ရှင်ကျန်း အစီရင်ခံစာနှင့် ပတ်သက်၍ တရုတ်နှင့် ညှိနှိုင်းဆောင်ရွက်သွားမည်ဟု ကုလသမဂ္ဂလူ့အခွင့်အရေး အကြီးအကဲအသစ် ကတိပြု

ရှင်ကျန်း အစီရင်ခံစာနှင့် ပတ်သက်၍ တရုတ်နှင့် ညှိနှိုင်းဆောင်ရွက်သွားမည်ဟု ကုလသမဂ္ဂလူ့အခွင့်အရေး အကြီးအကဲအသစ် ကတိပြု

လူသားမျိုးနွယ်အပေါ်ကျူးလွန်သော ရာဇဝတ်မှုသဘောသက်ရောက်သည့် ဝီဂါနှင့် အခြားသော မွတ်စလင် များကို တရုတ်အစိုးရက နှိပ်စက်ညှဉ်းပန်းခဲ့သည်ဆိုသော ယခင်အကြီးအကဲဟောင်း၏ အစီရင်ခံစာနှင့် ပတ်သက်ပြီး တရုတ်နှင့် ညှိနှိုင်းဆောင်ရွက်သွားမည်ဟု ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော်ကာ တက်ခ် က ပြောကြားလိုက်သည်။

မစ်ချယ်ဘတ်ချီလတ်၏ ၂၀၂၂ခုနှစ်အစောပိုင်း ရာထူးသက်တမ်းမကုန်ဆုံးမီ နောက်ဆုံးအချိန်တွင် ထုတ်ပြန်ခဲ့ သော အစီရင်ခံစာကို ရည်ညွှန်ပြီး တက်ခ်က ဂျီနီဗာတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

“သြဂုတ်လ ၃၁ ရက်က ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာက အရေးကြီးပြီး အလွန်ဆိုးရွားတဲ့ လူ့အခွင့်အရေး ဆိုင်ရာ စိုးရိမ်မှုတွေကို အလေးပေးဖော်ပြထားပါတယ်” ဟု အောက်တိုဘာလတွင် တာဝန်စတင်ထမ်းဆောင် ခဲ့သော တက်ခ်က ပြောကြားခဲ့သည်။

“ကျွန်တော်က သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ ဆက်လက်ပြီး ညှိနှိုင်းသွားဖို့ စိတ်ပိုင်းဖြတ်ထားပါတယ်” ဟု ဆိုပြီး ယင်းကို “မျှော်လင့်ချက် ထာဝရ ရှင်သန်ခြင်း” ဟု ပြောကြားခဲ့သည်။

ယင်းမှတ်ချက်များသည် ပထမဆုံးအကြိမ် လူသိရှင်ကြား ပြောကြားခြင်းဖြစ်သည်။

ညှဉ်းပန်းနှိပ်စက်မှု၊ မတရားထိန်းသိမ်းမှု၊ ဘာသာရေးနှင့် မျိုးပွားမှုဆိုင်ရာ အခွင့်အရေးများကို ချိုးဖောက်မှုများ အတွက် “ယုံကြည်လောက်စရာ” စွပ်စွဲချက်များကို အစီရင်ခံစာတွင် အလေးပေးဖော်ပြထားသည်။

တရုတ်အနောက်ပိုင်း ရှင်ကျန်းဒေသရှိ လူ့အခွင့်အရေးအခြေအနေများကို အရေးတကြီးအာရုံစိုက်ကြရန် အစီရင်ခံစာတွင် တောင်းဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly