ကိုဗစ်ကန့်သတ်ချက်များကို ဖြေလျှော့ပေးခြင်းက ပြည်သူများကို စိုးရိမ်ပူပန်မှုထပ်မံ ဖြစ်ပေါ်စေ

ကိုဗစ်ကန့်သတ်ချက်များကို ဖြေလျှော့ပေးခြင်းက ပြည်သူများကို စိုးရိမ်ပူပန်မှုထပ်မံ ဖြစ်ပေါ်စေ

ကာလကြာရှည်စွာ ချမှတ်ထားသော ပိတ်ဆို့ကန့်သတ်ချက်များကို ရုတ်တရက် ပြောင်းလဲမှု ဖြစ်သည့် တစ်နိုင်ငံ လုံးအတိုင်းအတာဖြင့် ကိုဗစ်ကန့်သတ်ချက်များကို ဖြေလျှော့ပေးသည့် ကြေညာချက်က ပြည်သူများကို စိုးရိမ်ပူ ပန်မှုထပ်မံဖြစ်ပေါ်လာစေသည်။

ဒေသခံအများအပြားက ဖြေလျှော့မှုကို ကြိုဆိုကြပြီး ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိရေး ခြေလှမ်းအဖြစ် ချီးကျူးခဲ့ကြသော်လည်း လူအများစုသည် ယင်းသက်ရောက်မှုကို စိုးရိမ်နေကြပြီး ကန့်သတ်ချက်အသစ်ကို မည်သို့အကောင်အထည်ဖော်မည်ကို မေးခွန်းထုတ်နေကြသည်။

အစိုးရက ထိန်းချုပ်မှုများကို ဖယ်ရှားကြောင်း ကြေညာပြီးနောက် မြို့တွင်းဘူတာရုံနံရံများမှ ကျန်းမာရေးကုဒ် စကင်ဖတ်စစ်ဆေးသည့် စက်များကို ဖယ်ရှားခြင်းနှင့် ဂိတ်အချို့ကို ပိတ်လိုက်ခြင်းဖြင့် ကိုဗစ်လုံးဝကင်းစင်ရေး စည်းမျဉ်းများ၏ ပြင်ပသင်္ကေတအချို့ကို ဖယ်ရှားခဲ့သည်ဟု တရုတ်အလုပ်သမားအများအပြားက ပြောကြား ကြောင်း CNN က ဖော်ပြခဲ့သည်။

တရုတ်တစ်ဝန်းတွင် ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒကို ဆန္ဒပြမှုများ ဖြစ်ပွားပြီးနောက် သီတင်း၂ပတ် မပြည့်မီတွင် ယင်းကိစ္စ ထွက်ပေါ်လာခြင်းဖြစ်သည်။

ကပ်ရောဂါစတင်ဖြစ်ပွားချိန်မှစ၍ သန်းနှင့်ချီသော ပြည်သူများသည် ကန့်သတ်ချက်အမျိုးမျိုးအောက်တွင် ဒုက္ခရောက်နေကြပြီး ယင်းကြေညာချက်က စိတ်သက်သာရာရစေခဲ့သည်။

နိုဝင်ဘာလ နောက်ဆုံးပတ်တွင် တရုတ်၏ အကြီးဆုံးနှင့် ဘဏ္ဍာရေးအချက်အချာဖြစ်သော ရှန်ဟိုင်းတွင် လူရာ ပေါင်းများစွာသည် တင်းကျပ်သော ကိုဗစ်-၁၉ စည်းမျဉ်းများကို ဆန္ဒပြခဲ့ကြသည်။

တရုတ်တစ်ဝန်းရှိ တက္ကသိုလ်ကျောင်းသားများသည် ကျောင်းဝန်းများတွင် နိုဝင်ဘာ ၂၇ ရက်က စုဝေးဆန္ဒ ထုတ်ဖော်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly