TNLA နှင့်တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ အနည်းဆုံး ၁၅ ဦးသေဆုံး ၂ ဦးအဖမ်းခံရ

TNLA နှင့်တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ အနည်းဆုံး ၁၅ ဦးသေဆုံး ၂ ဦးအဖမ်းခံရ

ဒီဇင်ဘာ ၇ ရက်မှ ၁၂ ရက်အထိ စစ်ကောင်စီတပ်နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် PSLF/TNLA တို့အကြား ဖြစ်ပွားခဲ့သည့့် တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ သေဆုံးသူများပြီး အရှင်ဖမ်းဆီးခံရသူများလည်းရှိကြောင်း သိရသည်။

မြေပြင်မှရရှိသည့့် သတင်းအချက်လက်အရ စစ်ကောင်စီတပ်ဘက်မှ အနညိးဆုံးး ၁၅ ဦး သေဆုံးခဲ့ပြီး နှစ်ဦးကို အဖမ်းခံရကြောင်း မဇ္ဈိမက အတည်ပြုနိုင်သည်။

နယ်မြေကျွမ်းကျင်မှုအရ တိုက်ပွဲအတွင်း TNLA တပ်ဖွဲ့က အသာစီးရခဲ့ပြီး လေကြောင်းမပါလျှင် စစ်ကောင်စီတပ်ဖွဲ့အားလုံးအား အရှင်ဖမ်းနိုင်မည်ဖြစ်ကြောင်း တိုက်ပွဲဝင်ခဲ့သည့် တပ်သားတစ်ဦးကပြောသည်။

“သူတို့ကို ကျနော်တို့က လှမ်းမြင်နေရတယ်။ သူတို့က လက်နက်တွေ လျှောက်ဖြုန်းနေတာ။ လက်ပစ်ဗုံးတွေဆိုရင် သူတို့ဘုန်းကြီးကျောင်းထဲ ခွဲပစ်တာ။ ကျည်ဆံတွေ၊ လက်နက်ကြီးတွေ သူတို့သိမ်းမိထားတဲ့ဟာ မသယ်နိုင်မှန်းသိတော့ အကုန်လျှောက်ခွဲပစ်လိုက်တာ။ လေယာဥ်က လာရှုပ်နေလို့။ မဟုတ်ရင် အကုန်လုံးရတယ်” ဟု ဆိုသည်။

ကုန်းသာရွာအနီး ပြင်းထန်ခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ဂျက်လေယာဥ္နှင့် ရဟတ်ယာဥ် ၂ဝ စီးထက်မနည်းဖြင့် လာရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဂျက်လေယာဥ္ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် TNLA ဘက်မှ တပ်သားအချို့ ထိခိုက်ကျဆုံးသူ ရှိသော်လည်း အချက်အလက် အသေးစိတ်ကိုမူ မသိရှိသေးပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required