“လူဖြစ်ခြင်းရဲ့ ပြည့်ဝတဲ့အဓိပ္ပါယ် ဒို့တော်လှန်မှ ရလိမ့်မယ်” ဆိုသည့် ကလေးမြို့ ပင်မသပိတ်စစ်ကြောင်း

“လူဖြစ်ခြင်းရဲ့ ပြည့်ဝတဲ့အဓိပ္ပါယ် ဒို့တော်လှန်မှ ရလိမ့်မယ်” ဆိုသည့် ကလေးမြို့ ပင်မသပိတ်စစ်ကြောင်း

(မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း၊ ကလေးမြို့ ပင်မသပိတ်စစ်ကြောင်းသည် စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ရက်ပေါင်း ၆၇၇ ရက်မြောက်အဖြစ် ဒီဇင်ဘာလ ၁၅ ရက် ယနေ့တွင် ဒေသခံပြည်သူများနှင့် ပူးပေါင်းပြီး စစ်အာဏာရှင်ကို ကန့်ကွက်သပိတ်မှောက်ခဲ့ကြသည်။

ပင်မသပိတ်စစ်ကြောင်းသည် “ “တရားမဝင်တဲ့ ရွေးကောက်ပွဲ လူထုအားနဲ့ တိုက်ဖျက်ကြ”စာတမ်းကို ချိတ်ဆွဲပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးတရာများ ဟောပြောခဲ့ကြသည်။

ကလေးမြို့ပင်မ သပိတ်စစ်ကြောင်းသည် ဖေဖော်ဝါရီလ ၇ ရက် ၂၀၂၁ မှစတင်၍ နေ့စဉ်မပျက်မကွက် ဆန့်ကျင်ကန့်ကွက် သပိတ်မှောက်နေကြခြင်း ဖြစ်သည်။

စာတည်း။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required