”လူဖြစ်ခြင်းရဲ့ပြည့်ဝတဲ့အဓိပ္ပါယ် တို့တော်လှန်မှ ရလိမ့်မယ်” ရွာပေါင်းစုံ သပိတ်စစ်ကြောင်း ဆက်လက် ချီတက်

”လူဖြစ်ခြင်းရဲ့ပြည့်ဝတဲ့အဓိပ္ပါယ် တို့တော်လှန်မှ ရလိမ့်မယ်” ရွာပေါင်းစုံ သပိတ်စစ်ကြောင်း ဆက်လက် ချီတက်

(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းရှိ ကျေးရွာများစုပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင်ရေးအဖြစ် ဒီဇင်ဘာလ ၁၅ရက် ယနေ့တွင် ချီတက်ဆန္ဒပြကြသည်။

လူထုသပိတ်စစ်ကြောင်းသည်”လူဖြစ်ခြင်းရဲ့ပြည့်ဝတဲ့အဓိပ္ပါယ် တို့တော်လှန်မှ ရလိမ့်မယ်” ဆိုသည့်စာတန်းကို ကိုင်ဆွဲပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး ကြွေးကြော်သံများဟစ်ကြွေးချီတက်ခဲ့ကြကာ ကျဆုံးခဲ့သည့် အာဇာနည်များကို အလေးပြုခဲ့ကြသည်။

ရွာပေါင်းစုံသပိတ်စစ်ကြောင်းသည် ဆန္ဒပြရက်ပေါင်း ၆၄၃ ရက်မြောက်အဖြစ် ချီတက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းနှင့် ယင်းမာပင်မြို့နယ် အရှေ့ခြမ်းရှိ ရွာပေါင်းစုံ သပိတ်စစ်ကြောင်းသည် ၂၀၂၁ ခုနှစ်၊ မတ်လ ၉ ရက် နေ့မှစတင် ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required