မုံရွာခရိုင် သံမဏိတပ်ရင်းအတွက် ထောက်ပံ့ရန် ရန်ပုံငွေကံစမ်းမဲ လက်မှတ် ဝယ်ယူပါဝင်ရန်ဖိတ်ခေါ်

မုံရွာခရိုင် သံမဏိတပ်ရင်းအတွက် ထောက်ပံ့ရန် ရန်ပုံငွေကံစမ်းမဲ လက်မှတ် ဝယ်ယူပါဝင်ရန်ဖိတ်ခေါ်

မဇ္စျိမ ။။ စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင်တပ်ရင်း၊ သံမဏိတပ်ရင်းအတွက် လိုအပ်လျက်ရှိသော ကာကွယ်ရေးသုံးပစ္စည်းများနှင့် အခြားလိုအပ်မှုများ ဖြည့်တင်းနိုင်ရန်အတွက် ကံစမ်းမဲလက်မှတ်များဝယ်ယူပြီး ပါဝင်ကြရန် သံမဏိ Force - MPDF Battalion က ဖိတ်ခေါ်ထားသည်။

“၅/ မုံရွာသံမဏိသို့ စစ်ခွေးမောင်းဖို့ ထောက်ပံ့စို့” ကံစမ်းမဲလက်မှတ်များကို ဝယ်ယူအားပေးရင်း တမာနံသင်းတဲ့ အညာမြေမှာ စစ်မိစ္ဆာတွေကို မြေမြှုပ်ဖို့ အားလုံးအတူ ဝိုင်းလို့ကူကြရန် အသိပေးထားသည်။

မဲလက်မှတ်တစ်စောင်လျှင် ကျပ် ၁၀,၀၀၀ ဖြစ်ပြီး ဒီဇင်ဘာလ ၁ရက်နေ့မှ စတင်ရောင်းချလျက်ရှိရာ ဇန်နဝါရီ ၂၀ရက် ၂၀၂၃ ခုနှစ်တွင် ကံထူးရှင်များကို ရွေးချယ်သွား မည်ဖြစ်ကြောင်း သိရသည်။

ပထမဆုအဖြစ် ရွှေတစ်ကျပ်သား ဘယက် ၊ ဒုတိယဆု ရွှေလက်စွပ် ၊ တတိယဆု ရွှေနားဆွဲ ၊ အထူးဆု ခရမ်းစွဲစိန်လက်စွပ်တို့ ချီးမြှင့်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

၎င်းအပြင် နှစ်သိမ့်ဆုများအဖြစ် Air Pods Pro ၊ 18K ရွှေဆွဲကြိုး ၊ ချည်ပန်းချီကား ၊ ဂစ်တာ နှင့် သံမဏိ Force - MPDF Battalion အင်္ကျီများကို ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

မဲလက်မှတ်များကို မြန်မာနိုင်ငံအပါအဝင် ၊ ကိုရီးယား ၊ မလေးရှား ၊ စင်္ကာပူ ၊ ဂျပန် ၊ အမေရိကန်တို့မှလည်း သက်ဆိုင်ရာနိုင်ငံအလိုက် ကိုယ်စားလှယ်များထံမှ ဝယ်ယူပါဝင်နိုင်ကြောင်း အသိပေးထားသည်။

ပြည်သူမှာ ပြည်သူပဲရှိတဲ့အတွက် အားလုံးရဲ့ဝန်းရံပါဝင်အားပေးမှုလိုအပ်ပြီး ဝိုင်းဝန်းကူညီပါဝင်ကြပါရန် သံမဏိ Force - MPDF Battalion မိဘပြည်သူများကို ဖိတ်ခေါ်ထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required