ကန်ကြီးထောင့်မြို့အဝင် ဆိုင်းဘုတ်အနီး ဗုံးပေါက်ကွဲ

ကန်ကြီးထောင့်မြို့အဝင် ဆိုင်းဘုတ်အနီး ဗုံးပေါက်ကွဲ

ဒီဇင်ဘာလ ၁၄ ရက်

ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့တွင် ယနေ့ ဒီဇင်ဘာလ ၁၄ ရက်၊ မနက် ၆ နာရီကျော်ခန့် အချိန်က မြို့အဝင်ဆိုင်းဘုတ်အနီး ဗုံးပေါက်ကွဲမှုဖြစ်ပွားသည်ဟု ဒေသခံများထံက သိရသည်။

မနက်ပိုင်းလူသွားလူလာနည်းသည့်အချိန် ပေါက်ကွဲခြင်းဖြစ်သည့်အတွက် ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်း ဒေသခံတစ်ဦးက ပြောသည်။

"ပေါက်တာက အသံသိပ်မကျယ်သလို မလေးရှားပိတောက်ပင်အောက်မှာ ပေါက်တာဆိုတော့ လူထိခိုက်တယ်လို့လည်း မကြားပါဘူး။ မီးခိုးတွေ ထွက်သွားတယ်လို့တော့ သိရတယ်"ဟုဆိုသည်။

ပေါက်ကွဲမှုအပြီး မိနစ်အနည်းငယ်တွင် စစ်ကောင်စီတပ်များနှင့် ရဲများရောက်ရှိပြီး စစ်ဆေးမှုများပြုလုပ်သွားကြောင်း၊ ဒေသခံ ငါးဦးထက်မနည်းကို စစ်ဆေးမေးမြန်းစရာရှိသည်ဟုဆိုကာ ကန်ကြီးထောင့် ရဲစခန်းသို့ ခေါ်ဆောင်သွားကြောင်း ဒေသခံများက ပြောသည်။

ပေါက်ကွဲမှုနှင့်ပတ်သက်၍ ၎င်းတို့ လုပ်ဆောင်ခြင်း မဟုတ်ကြောင်း ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ တော်လှန်ရေးအင်အားစုများက မဇ္စျိမကိုပြောသည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly