ရန်ကုန်တွင် တက်ကြွလှုပ်ရှားသူလူငယ်များက စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

ရန်ကုန်တွင် တက်ကြွလှုပ်ရှားသူလူငယ်များက စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

ဒီဇင်ဘာလ ၁၄ ရက်

ရန်ကုန်တွင် ဗကသများအဖွဲ့ချုပ်နှင့် မဟာမိတ်များ ပူးပေါင်းကာ ယနေ့ ဒီဇင်ဘာလ ၁၄ ရက်နေ့ နေ့လယ်ပိုင်း၌ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုကို ပြုလုပ်ကြသည်ဟု သိရသည်။

"စေ့စပ်ရေး‌အတွေးအခေါ်ကို ဆန့်ကျင်ကြ၊ စစ်သုံးစစ်ကို အမြစ်ပြတ် တိုက်ဖျက်ကြ" စာသားပါဘန်နာကိုင်ဆွဲကာ စစ်အာဏာရှင်ဆန့်ကျင်ရေးကြွေးကြော်သံများ ကြွေးကြော်ခြင်းဖြင့် လှုပ်ရှားမှုကို ပြုလုပ်ကြခြင်း ဖြစ်သည်။

အဆိုပါ လှုပ်ရှားမှုကို ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(DPNS)၊ လူ့ဘောင်သစ်လူငယ် - (YNS) နှင့် မင်္ဂလာတောင်ညွန့်မြို့နယ်သပိတ်ကော်မတီတို့ ပူးပေါင်းလုပ်ဆောင်ခြင်း ဖြစ်သည်။

စာတည်း - ဖူးသိမ်ကျ

စာမူတည်းဖြတ် - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly