တရုတ် ခြိမ်းခြောက်မှုကြောင့် ဂျပန်က ကာကွယ်ရေးမူဝါဒ အလုံးစုံ ပြုပြင်ပြောင်းလဲမည် 

တရုတ် ခြိမ်းခြောက်မှုကြောင့် ဂျပန်က ကာကွယ်ရေးမူဝါဒ အလုံးစုံ ပြုပြင်ပြောင်းလဲမည် 

ဒီဇင်ဘာလ ၁၄ ရက်
 

တရုတ်နိုင်ငံမှ ခြိမ်းခြောက်မှုများကို ကိုင်တွယ်ဖြေရှင်းရေးအတွက် ဂျပန်နိုင်ငံသည် အသုံးစရိတ် မြှင့်တင်ခြင်း၊ စစ်ရေးကွပ်ကဲမှုအား ပြင်ဆင်ဖွဲ့စည်းခြင်းနှင့် ဒုံးကျည်သစ်များ ဝယ်ယူခြင်းတို့အပါအဝင် ဆယ်စုနှစ်များစွာအတွင်း အကြီးမားဆုံး ကာကွယ်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုကို ယခု သီတင်းပတ်အတွင်း ကြေညာရန် ရှိသည်။ 

ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ မှတ်တမ်းမှတ်ရာ သုံးရပ်ကို သောကြာနေ့ အစောဆုံး အကြမ်းဖျင်း ဖော်ပြမည်ဖြစ်သော မူဝါဒများတွင် ဒုတိယကမ္ဘာစစ်နောက်ပိုင်း တရားဝင် စစ်တပ် ထားရှိခွင့် မရှိသော နိုင်ငံအတွင်းက ကာကွယ်ရေးဆိုင်ရာ အခင်းအကျင်းကို ပုံစံအသစ် ပြုပြင်ပြောင်းလဲမည် ဖြစ်သည်။ 

“ကျွန်တော်တို့ရဲ့ ကာကွယ်ရေး စွမ်းဆောင်ရည်ကို အခြေခံကျကျ ခိုင်မာအောင် လုပ်ဆောင်ခြင်းဟာ ဆိုးဝါးတဲ့ လုံခြုံရေးရာ ပတ်ဝန်းကျင်မှာ အားချင်း စိန်ခေါ်မှုပဲ ဖြစ်တယ်”ဟု ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါက ပြောသည်။ 

“လာမယ့် ငါးနှစ်အတွင်း ကျွန်တော်တို့ရဲ့ ကာကွယ်ရေးဆိုင်ရာ စွမ်းဆောင်ရည်ကို အားချင်း ပြုပြင်ပြောင်းလဲသွားမယ်”ဟု ၎င်းက ဆိုသည်။ 

ယခုကဲ့သို့ ပြုပြင်ပြောင်းလဲလာခြင်းသည် တရုတ်၏ ကြီးထွားလာသော စစ်ရေး အင်အားတောင့်တင်းမှုနှင့် ဒေသတွင်း ရပ်တည်ချက်များကို ဂျပန်နိုင်ငံက စိုးရိမ်နေရခြင်းအပြင် မြောက်ကိုရီးယား၏ ဒုံးကျည်ပစ်လွှတ်မှုများနှင့် ယူကရိန်းကို ရုရှက ကျူးကျော်ခြင်းအထိ ခြိမ်းခြောက်မှုများကြောင့် ဖြစ်သည်။ 

မူဝါဒသစ်များ၏ အဓိက အချက်မှာ ၂၀၂၇ မကျော်လွန်ခင် ကာကွယ်ရေး အသုံးစရိတ်ကို ဂျီဒီပီ၏ နှစ် ရာခိုင်နှုန်းအထိ တိုးမြှင့်ရန်နှင့် ဂျပန်နိုင်ငံအား နေတိုးအဖွဲ့ဝင် ဖြစ်ရေးတို့ ပါဝင်သည်။ 

အဆိုပါ အသုံးစရိတ် တိုးမြှင့်မှုမှာ အစဉ်အလာ တစ်ရာခိုင်နှုန်းဝန်းကျင်သာ ရှိထားသဖြင့် အရေးပါသော တိုးမြှင့်မှု ဖြစ်သော်လည်း ဘဏ္ဍာရန်ပုံငွေ မည်သို့ ဖော်ဆောင်မည်နည်းဆိုကာ ဝေဖန်မှုများ ရှိနေသည်။ 

ယင်း အသုံးစရိတ် ငွေကြေးကို ဂျပန်နိုင်ငံ၌ “တန်ပြန်တိုက်ခိုက်ရေး စွမ်းဆောင်ရည်” ဟု ခေါ်သော နိုင်ငံအား ခြိမ်းခြောက်ရာ နေရာများသို့ လက်ဦးမှုယူ တိုက်ခိုက်စွမ်းကို ဖြည့်ဆည်းသည့် နေရာများတွင်ပါ စိုက်ထုတ်သုံးစွဲသွားမည် ဖြစ်သည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly