တရုတ်ကုမ္ပဏီက ဒါကာ-စစ်တကောင်း အမြန်ရထားလမ်းစီမံကိန်းကို BOO စနစ်ရရှိရန် ကြိုးပမ်း

တရုတ်ကုမ္ပဏီက ဒါကာ-စစ်တကောင်း အမြန်ရထားလမ်းစီမံကိန်းကို BOO စနစ်ရရှိရန် ကြိုးပမ်း

တရုတ်နိုင်ငံပိုင်ကုမ္ပဏီကြီးတစ်ခုက တရုတ်ရှယ်ယာ ၈၀ ရာခိုင်နှုန်းပါဝင်မည့်ကုမ္ပဏီခွဲတစ်ခုဖြင့်ဒါကာ-စစ်တကောင်းအမြန်ရထားလမ်းစီမံကိန်းကို အကောင်အထည်ဖော်ရန် အဆိုပြုလိုက်သည်။

တရုတ်နိုင်ငံပိုင် China State Railway Group Co Ltd ၏ ကုမ္ပဏီခွဲဖြစ်သော တရုတ်ရထားလမ်းတည်ဆောက်ရေးအဖွဲ့ (CRDC) က BOO (တည်ဆောက်-ပိုင်ဆိုင်-လည်ပတ်) စနစ်ဖြင့် စီမံကိန်းကို အကောင်အထည်ဖော်ရန် အဆိုပြုခဲ့သည်။

BOO စနစ်သည် အစိုးရအဖွဲ့အစည်းတစ်ခုမှ ပုဂ္ဂလိကအဖွဲ့တစ်ဖွဲ့အားသဘောတူထားသော ဒီဇိုင်းသတ်မှတ်ချက်များအတိုင်း စီမံကိန်းတစ်ခုကို တည်ဆောက်ခွင့်နှင့် သတ်မှတ်ထားသော အချိန်အတိုင်းအတာတစ်ခုအထိ စီမံကိန်းလည်ပတ်ခွင့်ကို ပေးအပ်ခြင်းဖြစ်သည်။

အဆိုပြုထားသောကုမ္ပဏီဖြစ်သည့် ဘင်္ဂလားဒေ့ရှ်အမြန်ရထားလမ်းလီမိတက် (BHSR) ကို တရုတ်နှင့်ဘင်္ဂလားဒေ့ရှ်မှ ရန်ပုံငွေများဖြင့် တည်ထောင်ကာ ရင်းနှီးမြှုပ်နှံမှုနှင့် ရထားလမ်းဆောက်လုပ်ရေးအတွက် တာဝန်ယူမည်ဖြစ်သည်။

ကုမ္ပဏီက ရထားလမ်းတည်ဆောက်ရေးအဆိုပြုလွှာကို မီးရထားဝန်ကြီး နျူရူလ်အီစလမ်ဆူဂျန်ထံသို့ နိုဝင်ဘာ ၁၂ ရက်က ပေးပို့ခဲ့သည်။

ဘင်္ဂလားဒေ့ရှ်တာကာ ၉၃ ၃၅၀ ဒသမ ၉၃ ကုဋေကုန်ကျမည့်စီမံကိန်းအတွက် မတူညီသောတရုတ်ကုမ္ပဏီများ၏ တတိယမြောက် အဆိုပြုချက်ဖြစ်သည်။

ကုန်ကျစရိတ်မှာများပြားသောကြောင့် အစိုးရက စီမံကိန်းကို ဖြည်းဖြည်းချင်းလုပ်ဆောင်သွားဖွယ်ရှိသည်ဟု မီးရထားဝန်ကြီးက The Daily Star သို့ ယမန်နှစ်က ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required