တရုတ်နိုင်ငံ၊ ကျန်ကျိုးမြို့တွင် ကိုဗစ်-၁၉ ဖြစ်ပွားမှုက ကုန်ပစ္စည်းတင်ပို့မှုအပေါ် သက်ရောက်မှုရှိသဖြင့် တရုတ် တွင် Hon Hai Technology Group အဖြစ် ရောင်းဝယ်ဖောက်ကားနေသည့် ထိုင်ဝမ်နိုင်ငံစုံကော်ပိုရေးရှင်း Foxconn၏ နိုဝင်ဘာလ ရောင်းအားမှာ ၂၀၂၁ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၁၁ ရာခိုင်နှုန်း ကျဆင်းသွားခဲ့သည်။
"ကုမ္ပဏီသည် ၂၀၂၂ခုနှစ် နိုဝင်ဘာလအတွက် စာရင်းမစစ်ရသေးသော စုစုပေါင်းဝင်ငွေမှာ ထိုင်ဝမ်ဒေါ်လာ ၅၅၁ ဒသမ ၁ ဘီလီယံ ရှိခဲ့ပြီး လအလိုက်နှိုင်းယှဉ်ပါက ၂၉ ဒသမ ဝ၄ နှင့် နှစ်အလိုက်နှိုင်းယှဉ်ပါက ၁၁ ဒသမ ၃၆ ရာခိုင်နှုန်း ကျဆင်းသွားသည်" ဟု ကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
"ထုတ်လုပ်မှုအပိုင်းတွင် ရောင်းအားကျဆင်းသည့် ကာလသို့တဖြည်းဖြည်းဝင်ရောက်လာပြီး ကျန်ကျိုးမြို့တွင် ကပ်ရောဂါကြောင့် တင်ပို့မှုမှာ လအလိုက်နှိုင်းယှဉ်ပါက နိုဝင်ဘာလတွင် ဝင်ငွေကျဆင်းသွားသော်လည်း ယင်းအချက်ကို ကုမ္ပဏီက မျှော်လင့်ပြီးဖြစ်သည်" ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကျန်ကျိုးမြို့သည် ကုမ္ပဏီ၏ ကမ္ဘာ့အကြီးဆုံး iPhone တပ်ဆင်ရေးစက်ရုံနှင့် iPhone Pro လက်ကိုင်ဖုန်းများ အမြောက်အများ ထုတ်လုပ်ရာနေရာဖြစ်ကြောင်း The Strait Times က ဖော်ပြခဲ့သည်။
နိုဝင်ဘာလသည် ကပ်ရောဂါကြောင့် ထိခိုက်မှုအများဆုံးကာလဖြစ်ပြီး စတုတ္ထ ၃လပတ်သည် ဈေးကွက်သ ဘောတရားနှင့် အညီသွားမည်ဖြစ်ကြောင်း ကုမ္ပဏီက ပြောကြားခဲ့သည်။
“လက်ရှိအချိန်တွင် ကူးစက်ရောဂါအခြေအနေအားလုံးကို ထိန်းချုပ်နိုင်ခဲ့ပြီး နိုဝင်ဘာလက ကူးစက်ရောဂါအ များဆုံးဖြစ်ခဲ့သည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အောက်တိုဘာလတွင် ကူးစက်ရောဂါအများအပြား စတင်ဖြစ်ပွားချိန်မှစ၍ ကုမ္ပဏီသည် ဒေသန္တရအစိုးရနှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။