ဆန္ဒပြမှုများကြောင့် ကန့်သတ်ချက်များကို ပြန်လည်ရုပ်သိမ်းပြီးနောက် တရုတ်ပညာရှင်က ကိုဗစ်ကို နာမည် သစ်ပေးရန် တောင်းဆို

ဆန္ဒပြမှုများကြောင့် ကန့်သတ်ချက်များကို ပြန်လည်ရုပ်သိမ်းပြီးနောက် တရုတ်ပညာရှင်က ကိုဗစ်ကို နာမည် သစ်ပေးရန် တောင်းဆို

အဓိကမူဝါဒအပြောင်းအလဲအနေဖြင့် တရုတ်တွင် ပြင်းထန်သော ကိုဗစ်မူဝါဒကို ဖြေလျှော့ပြီးနောက်တွင် ကူးစက်ရောဂါဖြစ်ပွားစေသည့် ဗိုင်းရပ်စ်ဗီဇပြောင်းလဲသွားပြီဖြစ်သဖြင့် ကိုဗစ်-၁၉ ၏ တရားဝင်အမည်ကို ပြောင်းလဲရန် ထိပ်တန်း တရုတ်ဆေးပညာရှင်တစ်ဦးက တိုက်တွန်းလိုက်သည်။

ကိုရိုနာဗိုင်းရပ်စ်၏ တရုတ်နာမည်ကို ပြောင်းလဲပြီး ကူးစက်ဗိုင်းရပ်စ်အဖြစ် ရိုးရှင်းစွာ ရည်ညွှန်းသင့်ကြောင်း တရုတ်တိုင်းရင်းဆေးပညာဆိုင်ရာ ထိပ်တန်းအာဏာပိုင်တစ်ဦးဖြစ်သည့် ကူရှောင်ဟုန်က အစိုးရပိုင် Beijing Daily သတင်းစာအား ပြောကြားခဲ့သည်။

တရုတ်ဆေးပညာဆိုင်ရာ ကူးစက်ရောဂါအဖွဲ့ခွဲ၏ ခေါင်းဆောင်ကူက ဗိုင်းရပ်စ်နာမည်ကို ပြောင်းလဲရန် အဖွဲ့က သဘောတူချက်ရရှိပြီး ယင်းအချက်ကို တောင်းဆိုထားကြောင်း ပြောကြားခဲ့သည်။

ကူးစက်ခံနေခြင်းမှ တက်ကြွစွာကာကွယ်ရေးမူဝါဒသို့ ပြောင်းလဲခြင်းဖြင့် ဗိုင်းရပ်စ်ပျံ့နှံ့မှုကို ထိန်းချုပ်ရေး အတွက် တရုတ်၏ ချဉ်ကပ်ပုံကို ပြောင်းလဲသင့်ကြောင်း သူမက တောင်းဆိုခဲ့သည်။

ကိုဗစ်တိုက်ဖျက်ရေး သို့မဟုတ် ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒကို အပြောင်းအလဲများပြုလုပ်ကြောင်း ကြေညာ ချက်နှင့် အတူ ပညာရှင်၏ တောင်းဆိုမှု ပေါ်ထွက်လာခြင်းဖြစ်သည်။

အပျော့စား သို့မဟုတ် ရောဂါလက္ခဏာမပြသော ကူးစက်သူအား နေအိမ်တွင် သီးသန့်ခွဲထားခွင့်နှင့် ခရီးသွားသူ များအတွက် စမ်းသပ်စစ်ဆေးရန် လိုအပ်ချက်များကို လျှော့ချပေးခြင်း အပါအဝင် ကန့်သတ်ချက်များစွာကို လျှော့ပေါ့ပေးမှုကို ဒေသခံများက ကြိုဆိုခဲ့ကြသည်။

စည်းမျဉ်းသစ်တွင် ပိတ်ဆို့မှုအတိုင်းအတာကို ခရိုင်နှင့် ရပ်ကွက်တစ်ခုလုံးကို ကန့်သတ်ခြင်းအစား ယခုအခါ တိုက်ခန်းတစ်ခန်းချင်းစီနှင့် လူပုဂ္ဂိုလ်တစ်ဦးချင်းစီအလိုက် ဆောင်ရွက်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required