တရုတ်ပဲ့ထိန်းဒုံးကျည်များက သြစတြေးလျကုန်းမကြီး၏ ၃ပုံ ၂ပုံအထိ ရောက်ရှိနိုင်

တရုတ်ပဲ့ထိန်းဒုံးကျည်များက သြစတြေးလျကုန်းမကြီး၏ ၃ပုံ ၂ပုံအထိ ရောက်ရှိနိုင်

တရုတ်၏ မြေပြင်အခြေစိုက် ပဲ့ထိန်းဒုံးကျည်များသည် သြစတြေးလျကုန်းမကြီး၏ ၃ပုံ ၂ပုံအထိ ရောက်ရှိ နိုင်ကြောင်း အစိုးရကာကွယ်ရေး မဟာဗျူဟာ သုံးသပ်ချက်အတွက် တင်ပြချက်အသစ်တွင် သတိပေးထားသည်။

အမေရိကန်အခြေစိုက်ပညာရှင်အဖွဲ့ဖြစ်သည့် Rand ကော်ပိုရေးရှင်းနှင့် လက်တွဲလုပ်ဆောင်နေသည့် ကာကွယ် ရေးဝန်ကြီးဌာနမှ အငြိမ်းစားသုံးသပ်သူများက သြစတြေးလျမြောက်ပိုင်းရှိ အရေးကြီးသော စစ်ဘက်ဆိုင်ရာ အဆောက်အအုံများကို ကာကွယ်ရေးရန် တောင်ပိုင်းသို့ ရွှေ့ပြောင်းသင့်ကြောင်း ၃၃ မျက်နှာ ပါ အစီရင်ခံစာတွင် ပြောကြားထားသည်။

အငြင်းပွားနေသော ကျွန်းနှင့် သန္တာကျောက်တန်းများပေါ်တွင် တရုတ်က စစ်အခြေစိုက်စခန်းများကို တည် ဆောက်ပြီး ဒုံးကျည်များ၏ ပစ်ခတ်နိုင်မှု အကွာအဝေးကို တိုးမြှင့်ကြောင်းဆိုကာ တောင်တရုတ်ပင်လယ်အတွင်း တရုတ်က သြဇာလွှမ်းမိုးမှုချဲ့ထွင်နေသည်ဟု စာတမ်းတွင် ဖော်ပြထားသည်။

အမေရိကန်နှင့် ပူးပေါင်းလေ့ကျင့်နေသည့် မြောက်ပိုင်းနယ်မြေ၊ ကွင်းစလန်းရှိ တောင်းဆယ်ဗီနှင့် အနောက် သြစတြေးလျ၏ မြောက်ဘက်ခြမ်းရှိ ဩစတြေးလျကာကွယ်ရေးတပ်အခြေစိုက်စခန်းအထိ တရုတ်က ပစ်ခတ် နိုင်ကြောင်း ဆိုသည်။

အထူးစိုးရိမ်ရသည့်အချက်မှာ တရုတ်က ၂၀၁၄ခုနှစ်တွင် တည်ဆောက်ခဲ့သည့် စပါတလေကျွန်းစုရှိ မစ်ချက်သန္တာ ကျောက်တန်းမှ DF-26 တာလတ်ပစ် ပဲ့ထိန်းဒုံးကျည်များသည် ယခုအခါ ကီလိုမီတာ ၄၀ဝ၀အကွာအဝေးထိ ပစ်ခတ်နိုင်ပြီဖြစ်သည်။

မစ်ချက်သန္တာကျောက်တန်းကို စစ်ရေးအရ အသုံးပြုနေပြီး အမေရိကန်ပိုင်နက်၏ အနောက်ဘက်အကျဆုံးနှင့် မဟာဗျူဟာမြောက်နေရာဖြစ်သည့် ဂူအမ်ကျွန်းကို တရုတ်က တိုက်ခိုက်နိုင်စွမ်းရှိကြောင်း အောက်တိုဘာလ တွင် အမေရိကန်ထောက်လှမ်းရေးက အတည်ပြုခဲ့သည်။

သြစတြေးလျကာကွယ်ရေးတပ်ဖွဲ့က လုံခြုံရေးစိန်ခေါ်မှုများကို ၂၀၃၃ခုနှစ်နှင့် နောက်ပိုင်းနှစ်များတွင် အသင့် ဖြစ်နေစေရေးအတွက် မဟာဗျူဟာမြောက်ကာကွယ်ရေးသုံးသပ်ချက်ကို အန်တိုနီအယ်ဘန်နိစ်က သြဂုတ်လ တွင် ကြေညာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required