အမေရိကန်က ဒေါ်လာ ၄၂၅ သန်းဖိုး လက်နက်များကို ထိုင်ဝမ်သို့ ရောင်းချခြင်းက တရုတ်ကို ဒေါသထွက်စေနိုင်

အမေရိကန်က ဒေါ်လာ ၄၂၅ သန်းဖိုး လက်နက်များကို ထိုင်ဝမ်သို့ ရောင်းချခြင်းက တရုတ်ကို ဒေါသထွက်စေနိုင်

အမေရိကန်အစိုးရက ထိုင်ဝမ်အား လက်နက်ရောင်းချမှုအသစ် ၂ ခုကို ဒီဇင်ဘာ ၆ရက်က လက်မှတ်ရေးထိုး ခဲ့ခြင်းက တရုတ်ကို ဒေါသထွက်စေမည်ဖြစ်သည်။

ထိုင်ဝမ်၏ F-16 တိုက်လေယာဉ်များ၊ C-130 သယ်ပို့လေယာဉ်များနှင့် အခြားအမေရိကန်မှ ထောက်ပံ့ပေးထား သော လက်နက်စနစ်များကို ပံ့ပိုးရေးအတွက် ဒေါ်လာ ၄၂၅ သန်းကျော်တန်ဖိုးရှိ လေယာဉ်အပိုပစ္စည်းများ ရောင်းချမှုအတွက် သဘောတူညီခဲ့ကြောင်း နိုင်ငံခြားရေးဌာနက ပြောကြားခဲ့သည်။

ယင်းသဘောတူညီမှုတွင် စံနှုန်းပြည့် အပိုပစ္စည်းများအတွက် ဒေါ်လာ သန်း ၃၃၀ ဖိုးနှင့် ဆက်စပ်ပစ္စည်းများနှင့် ထောက်ပံ့ပို့ဆောင်ရေးအတွက် စံနှုန်းပြည့်မဟုတ်သည့် စက်ကိရိယာများအတွက် ဒေါ်လာ ၉၈ သန်းဖိုး ပါဝင် သည်။

တရုတ်က ထိုင်ဝမ်ကို ပိုမိုရန်လိုလာခြင်းကိစ္စရပ်အား အဓိကအနေဖြင့် ဆွေးနွေးခဲ့သည့် တရုတ်သမ္မတနှင့် အမေရိကန် သမ္မတက အင်ဒိုနီးရှားတွင် တွေ့ဆုံပြီး မကြာမီ ယင်းသဘောတူညီချက်ကို ကြေညာခဲ့ခြင်းဖြစ် သည်။

တရုတ်က ထိုင်ဝမ်အား ခွဲထွက်ပြည်နယ်တစ်ခုအဖြစ် သတ်မှတ်ထားပြီး လိုအပ်ပါက ထိုင်ဝမ်ကို ပြန်လည် ပေါင်းစည်းရန် အင်အားသုံးမည်ဟု ကတိပြုထားသည်။

အမေရိကန်က တရုတ်တစ်နိုင်ငံမူဝါဒကို ချိုးဖောက်နေကြောင်း တရုတ်က ရှုမြင်ပြီး ထိုင်ဝမ်သို့ အမေရိကန်က လက်နက်ရောင်းချမှုကို ယခင်က ရှုတ်ချခဲ့ပြီး ယခုရောင်းချမှုကိုလည်း ပြစ်တင်ရှုတ်ချနိုင်သည်။

ထိုင်ဝမ်နှင့် ဆက်ဆံရေးသည် တရုတ်၏ ခြိမ်းခြောက်မှုကို ခုခံကာကွယ်ရေးအတွက် ထိုင်ဝမ်သို့ စစ်လက်နက် ပစ္စည်းများ ရောင်းချခြင်းကို ခွင့်ပြုသည့် ထိုင်ဝမ်ဆက်ဆံရေး အက်ဥပဒေအရ ခွင့်ပြုထားကြောင်း အမေရိကန် ပါတီ ၂ရပ်လုံးမှ အမေရိကန်အစိုးရအဆက်ဆက်က ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly