ပါကစ္စတန်တွင် ကျောက်မီးသွေးတွင်းမိုင်းလုပ်သားများ အကြမ်းဖက်မှုနှင့် လူမဆန်သောလုပ်ရပ်များကို ကြုံတွေ့နေရ

ပါကစ္စတန်တွင် ကျောက်မီးသွေးတွင်းမိုင်းလုပ်သားများ အကြမ်းဖက်မှုနှင့် လူမဆန်သောလုပ်ရပ်များကို ကြုံတွေ့နေရ

ပါကစ္စတန်နိုင်ငံ ဘာလိုချီစတန်ပြည်နယ်မှ ကျောက်မီးသွေးတွင်းမိုင်းလုပ်သားများသည် အာဏာပိုင်များ၏ မသိကျိုးကျွန်ပြုမှု၊ ခွဲခြားဆက်ဆံမှု၊ ရက်စက်ကြမ်းကြုတ်မှုနှင့် လူမဆန်မှုများကို ဆယ်စုနှစ်များစွာကြုံတွေ့ခဲ့ရသလို သောင်းကျန်းထကြွမှု၊ အကြမ်းဖက်မှု၊ ဂိုဏ်းဂဏအစွဲရှိမှုနှင့် အန္တရာယ်များသော အလုပ်ပတ်ဝန်းကျင်ကိုလည်း ရင်ဆိုင်နေရသည်။

ဘာလိုချီစတန်သည် ပါကစ္စတန်တွင် တွင်းထွက်သတ္တုကြွယ်ဝသော ပြည်နယ်တစ်ခု ဖြစ်သော်လည်း အစိုးရ၏ လျစ်လျူရှုခြင်းကို ခံနေရကာ ကျောက်မီးသွေးတွင်းမိုင်းလုပ်သားများမှာ အခံစားရဆုံးဖြစ်သည်။

ဘာလိုချီစတန်ရှိ မိုင်းလုပ်သားများသည် အန္တရာယ်များသော ဇုန်တွင် အလုပ်လုပ်စဉ် လုပ်ငန်းခွင် မတော်တဆမှုများနှင့် ကြုံတွေ့ခဲ့ရကာ ၎င်းတို့အပေါ် အာရုံစိုက်စေရေး တောင်းဆိုနေကြောင်း အခွင့်အရေးနှင့် လုံခြုံရေးဆိုင်ရာ နိုင်ငံတကာဖိုရမ် (IFFRAS) က ပြောသည်။

အခွင့်အရေးနှင့် လုံခြုံရေးဆိုင်ရာ နိုင်ငံတကာဖိုရမ် (IFFRAS) သည် ကနေဒါနိုင်ငံ တိုရွန်တိုတွင် အခြေစိုက်သည့် အကျိုးအမြတ်မယူသည့် လွတ်လပ်သော နိုင်ငံတကာအကြံပေးအဖွဲ့ဖြစ်သည်။

ဘာလိုချီစတန်ရှိ ကျောက်မီးသွေးတွင်းမိုင်းလုပ်သားများသည် လူမဆန်သော လုပ်ရပ်များကို တွေ့ကြုံနေရသလို လူသေဆုံးစေသည်အထိ ဖြစ်စေနိုင်သော အန္တရာယ်ရှိသည့် လုပ်ငန်းခွင် အခြေအနေကိုပါ ရင်ဆိုင်နေရသည်။

ဘာလိုချီစန်ပြည်နယ်၏ မြို့တော် ကွက်တာမှ ၈၀ ကီလိုမီတာခန့် အကွာတွင် ရှိသည့် ကက်ချ်ဟီ ခရိုင်ရှိ Mach ကျောက်မီးသွေးတွင်းနယ်မြေတွင် နိုဝင်ဘာ ၁၂ ရက်က မိုင်းလုပ်သား ၆ ဦး ပြန်ပေးဆွဲခံခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly