ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်းအစိုးရလက်ထက်တွင် ချေးငွေဒေါ်လာ ၄၀ ဘီလီယံကျော်အထိ ရယူခဲ့

ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်းအစိုးရလက်ထက်တွင် ချေးငွေဒေါ်လာ ၄၀ ဘီလီယံကျော်အထိ ရယူခဲ့

ပါကစ္စတန်နိုင်ငံတွင် ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်း ဦးဆောင်သော ပါကစ္စတန် တေရက်-အီ-အင်ဆက်ဖ် (PTI) အစိုးရလက်ထက်က ရယူခဲ့သည့် ချေးငွေများနှင့် အတိုးနှုန်းဆိုင်ရာ အသေးစိတ်အချက်အလက်များကို ဒီဇင်ဘာ ၂ ရက်က အောက်လွှတ်တော်တွင် တင်ပြလိုက်ကြသည်။

“၂၀၁၈ ဩဂုတ်ကနေ ၂၀၂၁ ဒီဇင်ဘာလအကြား နိုင်ငံခြားချေးငွေ ရယူမှုပမာဏက စုစုပေါင်း ဒေါ်လာ ၄၃ ဒသမ ၄ ဘီလီယံ ဖြစ်ပါတယ်” ဟု ပါလီမန်အောက်လွှတ်တော်သို့ တင်သွင်းသည့် စာရွက်စာတမ်းများတွင် ဖော်ပြသည်။

“နှစ်နိုင်ငံအစိုးရကြားချေးငွေတစ်ရပ်ဖြစ်တဲ့ ဒေါ်လာ ၃ ဒသမ ၂၂ ဘီလီယံကို အတိုးနှုန်း ၂ ရာခိုင်နှုန်းနဲ့ ယူခဲ့ပါတယ်။ အခြား ဒေါ်လာ ၃ ဒသမ ၅ ဘီလီယံလောက်ကို အတိုးနှုန်း ၇ ရာခိုင်နှုန်းရှိတဲ့ ငွေချေးစာချုပ်တွေအဖြစ်နဲ့ ချေးယူခဲ့ပါတယ်”

“ချေးငွေ ဒေါ်လာ ၁၄ ဒသမ ၅ ဘီလီယံကို အတိုးနှုန်း ၃ ရာခိုင်နှုန်းနဲ့ ကုန်သွယ်မှုဘဏ်ကနေတဆင့် ရယူခဲ့ပါတယ်” ဟု လည်းဖော်ပြထားသည်။

“ဒေါ်လာ ၁၄ ဒသမ ၄၅ ဘီလီယံကို အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းတွေကနေယူတဲ့ ချေးငွေ ခေါင်းစဉ်အောက်မှာ အတိုးနှုန်း ၁ ရာခိုင်နှုန်းနဲ့ ချေးယူခဲ့သလို လုံခြုံစိတ်ချရတဲ့ အပ်နှံငွေ ခေါင်းစဉ်အောက်မှာ ချေးငွေ ဒေါ်လာ ၁ ဘီလီယံကို အတိုးနှုန်း ၁ ရာခိုင်နှုန်းနဲ့ ချေးယူခဲ့ပါတယ်” ဟု ထိုစာရွက်စာတမ်းများတွင် ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required