အစွမ်းမထက်သော တရုတ်ကာကွယ်ဆေးများက ကမ္ဘာကြီးအတွက် ပြဿနာဖြစ်လာ

အစွမ်းမထက်သော တရုတ်ကာကွယ်ဆေးများက ကမ္ဘာကြီးအတွက် ပြဿနာဖြစ်လာ

တရုတ်သည် ကိုဗစ်-၁၉ စတင်ဖြစ်ပွားချိန်ကတည်းက နိုင်ငံတကာကာကွယ်ဆေးများဖြစ်သည့် Moderna နှင့် Pfizer တို့အား အသုံးပြုခြင်းကို အားမပေးခဲ့ဘဲ ပြည်တွင်းဖြစ်ကာကွယ်ဆေး Sinovac ကိုသာ ထောက်ခံအားပေးခဲ့သည်။

တရုတ်ကာကွယ်ဆေးများ ထိရောက်မှုမရှိခြင်းနှင့် ကိုဗစ်ရောဂါ ထပ်ခါတလဲလဲ ဖြစ်ပွားခြင်းများက တရုတ်နိုင်ငံသားများနှင့် ကမ္ဘာတစ်ဝန်းရှိ ပြည်သူများအတွက် ပြဿနာတစ်ရပ် ဖြစ်လာကြောင်း The Singapore Post သတင်းဝက်ဘ်ဆိုက်၌ ဖော်ပြခဲ့သည်။

လေ့လာမှုများအရ Sinovac ကဲ့သို့သော တရုတ်ကာကွယ်ဆေးများသည် သေဆုံးမှုအတွက် ၆၁ ရာခိုင်နှုန်းနှင့် ဆေးရုံ တက်ကုသခြင်းများအတွက် ၅၅ ရာခိုင်နှုန်းသာ ကာကွယ်ပေးနိုင်သော်လည်း Moderna နှင့် Pfizer တို့သည် ၉၀ ရာခိုင်နှုန်းအထိ ကာကွယ်ပေးနိုင်သည်ဟု ဖော်ပြခဲ့သည်။

ထို့ပြင် တစ်ကမ္ဘာလုံးမှ ဆေးကုမ္ပဏီများက ကာကွယ်ဆေးများထုတ်လုပ်ရန် အာရုံစိုက်နေချိန်တွင် တရုတ်က mRNA ကာကွယ်ဆေးများ၏ ထိရောက်မှုနှင့်ပတ်သက်ပြီး အပုပ်ချ ဝါဒဖြန့်မှုများနှင့် အလုပ်ရှုပ်နေခဲ့ကြောင်း The Singapore Post သတင်းစာက ဖော်ပြခဲ့သည်။

တရုတ်ကာကွယ်ဆေးSinovac သည် အားပျော့သော T-cell များကို ထုတ်လုပ်နိုင်ပြီး သေစေနိုင်သောဗိုင်းရပ်စ်ကို ကာကွယ်မှုမပေးနိုင်ကြောင်း Lancet သုတေသနဂျာနယ်က ဖော်ပြခဲ့သည်။

အင်ဒိုနီးရှားက တရုတ်ကာကွယ်ဆေးများသည် ထိရောက်မှု ၉၇ ရာခိုင်နှုန်းသာ ရှိကြောင်း ၂၀၂၀ပြည့်နှစ် ဒီဇင်ဘာလတွင် ထုတ်ပြန်ခဲ့ပြီးနောက် ၂၀၂၁ခုနှစ်တွင် ကြေညာချက်ကို ထပ်မံပြောင်းခဲ့ကာ ထိရောက်မှုမှာ ၆၅ ရာခိုင်နှုန်းသာရှိသည်ဟု ဖော်ပြခဲ့သည်။

အလားတူ ဘရာဇီးက တရုတ်ကာကွယ်ဆေးများ၏ ထိရောက်မှုကို ၇၈ ရာခိုင်နှုန်းရှိကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပြီး နောက်ပိုင်းတွင် ၅၀ ဒသမ ၄ ရာခိုင်နှုန်းသို့ ပြောင်းလဲခဲ့ကြောင်း The Singapore Postက ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly