နွေဦးတက္ကသိုလ်နှင့် Arizona State University တို့ ပူးပေါင်းကာ ကျောင်းသား ၃၀ ကို ပညာသင်ဆုများ ပေးအပ်မည်

နွေဦးတက္ကသိုလ်နှင့် Arizona State University တို့ ပူးပေါင်းကာ ကျောင်းသား ၃၀ ကို ပညာသင်ဆုများ ပေးအပ်မည်

နွေဦးတက္ကသိုလ်နှင့် အမေရိကန်ရှိ Arizona State University တို့ ပူးပေါင်းကာ ကျောင်းသား ၃၀ ကို ပညာသင်ဆုများ ပေးအပ်မည်ဖြစ် ကြောင်း နွေဦးတက္ကသိုလ်က ထုတ်ပြန်သည်။

မိတ်ဖက်ပြုလုပ်ထားသည့် နိုင်ငံတကာတက္ကသိုလ်များကို ထုတ်ပြန်မည်ဟု နွေဦးတက္ကသိုလ်က ပြီးခဲ့သည့် ရက်ပိုင်းက ကြေညာခဲ့ပြီး အမေရိကန်အခြေစိုက်ယင်းတက္ကသိုလ်အား ပထမဆုံး ထုတ် ဖော် ကြေညာခဲ့ခြင်းဖြစ်သည်။

Arizona State University: The Asia Center နှင့် တရားဝင် ချိတ်ဆက်ညှိနှိုင်းပြီး မြန်မာကျောင်းသားများအတွက် ခရက်ဒစ်ရယူနိုင်သော ရက်တို၊ သင်တန်းများအား စတင်ဖွင့်လှစ်မည်ဟု နွေဦးတက္ကသိုလ်က ဆိုသည်။

အဆိုပါသင်တန်းကို အွန်လိုင်းဖြင့် ပို့ချမည် ဖြစ်ပြီး ပညာသင်ဆု ရွေးချယ်ခံရသည့် ကျောင်းသားများမှာ Foundation of Earned Admission (EA) အတန်းကို ဦးစွာ တက်ရောက်ရမည်ဖြစ်သည်။

ယင်း EA အတန်းကို အောင်မြင်သူ ကျောင်းသားများမှာ တန်းခွဲ (၃) ခုဖြစ်သည့် CIS105 - Online Computer Science၊ SOC101 - Online Sociology၊

SST220 - Online Social Transformation တို့ကို ပညာသင်ဆုအပြည့်ဖြင့် တက်ရောက်ခွင့် ရရှိမည်ဖြစ်သည်။

ယင်းသင်တန်းများကို ထူးချွန်စွာ အောင်မြင်သူများမှာ

Arizona State University: The Asia Center မှ ပေးအပ် သော ကောလိပ် ခရက်ဒစ်များကို ရရှိမည်ဟု နွေဦးတက္ကသိုလ်က ဆိုသည်။

ပညာသင်ဆုဖြင့်ရွေးချယ်ခံရပြီး တက်ရောက်သူများအတွက် နွေဦးတက္ကသိုလ်တာဝန်ရှိသူများက အပတ်စဉ် သင်ခန်းစာများကို ပြန်လည်ဆွေးနွေးပေးမယ့် Mentoring Session ပါ ထည့်သွင်းပေးသွားမည်ဖြစ် ကြောင်း နွေဦးတက္ကသိုလ်က ထုတ်ပြန်သည်။

လျှောက်ထားလိုသူများအနေဖြင့် Google Form Link- https://forms.gle/zJEfPRvCLRU3nTEJ6

မှတဆင့် Form ပုံစံရယူကာ လျှောက်ထားနိုင်သည်။

၂၀၂၂ ခုနှစ်မှ စတင်ကာ အမေရိကန်ပြည်ထောင်စု၊ တောင်ကိုရီးယား၊ ဖိလစ်ပိုင်၊ ဩစတြေးလျ၊ နယူးဇီလန်၊ ဆွစ်ဇာလန်နိုင်ငံ အစရှိသော နိုင်ငံများမှ တက္ကသိုလ်များနှင့် ချိတ်ဆက်ညှိနှိုင်းပြီး မြန်မာကျောင်းသားများအတွက် ခရက်ဒစ်ရယူနိုင်သော ရက်တို၊ ရက်ရှည်သင်တန်းများအား ဖွင့်လှစ်နိုင်ရန် ပူးပေါင်းစီစဉ်ထားသည်ဟု နွေဦးတက္ကသိုလ်က ထုတ်ပြန်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required