မန္တလေးမှာ အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ

မန္တလေးမှာ အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ

မန္တလေးမြို့၊မဟာအောင်မြေမြို့နယ်၊ရတနာဘုမ္မိအရှေ့ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိန်ဝင်း ဒီဇင်ဘာ ၁၃ရက်၊ညနေ ၅နာရီ၊၃၅မိနစ်ခန့် သေနတ်ဖြင့် ပစ်သတ်ခံရကြောင်းသိရသည်။

၃၆လမ်း၊လမ်း၈၀နှင့်၈၁လမ်းကြားတွင် ဦးစိန်ဝင်း မိသားစု ဖွင့်လှစ်ထားသည့် မာလာဟင်းဆိုင်ရှေ့တွင် ပစ်သတ်ခံခဲ့ရခြင်းဖြစ်သည်။

"နေရာမှာသေသွားတယ်။အလောင်းကို မဏိစလ လူမှုကူညီရေးအသင်းနဲ့သယ်သွားတာတွေ့တယ်။"ဟု ဒေသခံတစ်ဦးကပြောသည်။

ထိုပစ်ခတ်မှုကို STF-MDY အဖွဲ့မှပြုလုပ်ခဲ့ကြောင်းသတင်းထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly