လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူဆိုတာ ဘယ်လိုလူလဲ (ဆောင်းပါး)

လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူဆိုတာ ဘယ်လိုလူလဲ (ဆောင်းပါး)

ဆိုးညစ်တဲ့ ခေတ်ဟောင်း၊ စနစ်ဟောင်းတွေကို တွန်းလှန်ကြပြီး လူ့အခွင့်အရေးနဲ့ ညီတဲ့ စနစ်သစ်တွေကို ဖော်ဆောင်တဲ့အခါမှာ တိုက်ပွဲတွေကို ဖြတ်သန်းရပါတယ်။

ဒီလိုအခက်အခဲ အကျပ်အတည်းတွေကာလတွေကို ဖြတ်သန်းရပြီဆိုကတည်းက ခါးသီးတဲ့ ပေးဆပ်မှုတွေ ဆိုတာ ရှောင်လွှဲလို့မရသလို၊ တစ်ချိန်တည်းမှာလည်း လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူတွေ၊ သူရဲကောင်းတွေလည်း ပေါ်ထွက်လာလေ့ရှိပါတယ်။

အဲဒီလို လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူ သူရဲကောင်းတွေရဲ့ အရေးပါတဲ့ အခန်းကဏ္ဍကို ကမ္ဘာက အသိအမှတ်ပြုပြီး သူတို့ကို ဂုဏ်ပြုတဲ့အနေနဲ့ နှစ်စဉ်နှစ်တိုင်း ဒီဇင်ဘာလ ၉ ရက်နေ့ကို လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများ နေ့အဖြစ် သတ်မှတ်ကျင်းပလေ့ ရှိပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required