စစ်ကောင်စီတပ်၏ ရဟတ်ယာဉ် ၂ စီးအား TNLA ပစ်ခတ်ထိမှန်

စစ်ကောင်စီတပ်၏ ရဟတ်ယာဉ် ၂ စီးအား TNLA ပစ်ခတ်ထိမှန်

မဇ္ဈိမ ။ ။ နမ့်ဆန်မြို့နယ်၊ တအာင်း(ပလောင်)ဒေသတွင် ဒီဇင်ဘာလ ၇ ရက်နေ့မှစ၍ တိုက်ပွဲပြင်းထန်နေသည့် ကုန်းသာကျေးရွာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ ရဟတ်ယာဥ် နှစ်စီးအား တအာင်းတပ်မတော် (TNLA) က ပစ်ခတ်ရာ နှစ်စီးစလုံး ထိမှန်သွားကြောင်း စုံစမ်းသိရှိရသည်။

TNLA တပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် ဒီဇင်ဘာလ ၁၀ ရက်က တစ်စီးနှင့် ဒီဇင်ဘာ ၁၁ ရက်က တစ်စီး ထိမှန်ခြင်းဖြစ်သည်ဟု မြေပြင်ရှိ TNLA တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

"ဒီဇင်ဘာ ၁၀ ရက် နေ့လယ် ၁ နာရီခွဲက တစ်စီး ၁၁ ရက်မှာက တစ်စီးထိတယ်။ အောက်တော့ မကျဘူး။ မီးခိုးထွက်ပြီး ရေပုံးရွာဘက် ပြန်သွားတာ။ မီးခိုးထွက်တာ မြင်နေတော့ ကျမလားလို့ စောင့်ကြည့်တာ မကျဘူး" ဟု ပြောသည်။

ဒီဇင်ဘာလ ၇ ရက်မှ ယနေ့အထိ စစ်ကောင်စီတပ်သည် လေကြောင်းတိုက်ခိုက်မှု အကြိမ် ၄ဝ ကျော် ပြုလုပ်ခဲ့ပြီး နမ့်ဆန်နှင့် မန်တုံရှိ စစ်ကောင်စီတပ်စခန်းမှလည်း လက်နက်ကြီးများဖြင့် အကြိမ် ၅ဝ ထက်မနည်း ပစ်ခတ်ခဲ့သည်ဟု သိရသည်။

အဆိုပါတိုက်ပွဲကြောင့် ယနေ့အထိ ကုန်းသာ၊ ဟူးမန်း၊ ပိန်းလုံ၊ ဆာမ်ငမ်၊ ပန်အလောက်နှင့် မန်လုံးရွာမှ အိမ် ထောင်စု ၃၉၆ စုနှင့် လူဦးရေ ၁,၃၈၆ ဦးသည် မြို့ပေါ်ရှိ ဇယန်းကြီး ဘုန်းကြီးကျောင်းသို့ တိမ်းရှောင်နေကြရသည်ဟုလည်း သိရသည်။

စာတည်း။ ။ဖူးသိမ်ကျ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly