ပြည်တွင်းရှိ ရွှေ၊ ဒေါ်လာ၊ စက်သုံးဆီနှင့် စားအုန်းဆီဈေးနှုန်းများ

ပြည်တွင်းရှိ ရွှေ၊ ဒေါ်လာ၊ စက်သုံးဆီနှင့် စားအုန်းဆီဈေးနှုန်းများ

(မဇ္ဈိမ) ။ ။ ပြည်တွင်းရှိ ရွှေ၊ ဒေါ်လာ၊ စက်သုံးဆီ နှင့် စားအုန်းဆီ များ၏ ယနေ့ ဒီဇင်ဘာလ ၁၃ ရက် ရည်ညွှန်းဈေးနှုန်းများနှင့် ပြင်ပပေါက်ဈေးများအား အောက်ပါအတိုင်းစုစည်းဖော်ပြထားပါသည်။

ထို့အပြင် ယခင်ရက်မှ ဈေးနှုန်းများနှင့် နှိုင်းယှဉ်၍ ဈေးနှုန်းကွာခြားချက်များကိုလည်း ထည့်သွင်းဖော်ပြထားသည်။

-အခေါက်ရွှေဈေးနှုန်း

ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းရုံး (YGEA) ၏ ရည်ညွှန်းဈေးမှာ

အခေါက်ရွှေ ၁ ကျပ်သားလျှင် ၂,၁၀၂,၉၀၀/- ကျပ် (နှစ်ဆယ့်တစ်သိန်းနှစ်ထောင့်ကိုးရာကျပ်)ဖြစ်ပြီး၊ စစ်ကောင်စီ၏ ပြင်ပအခေါက်ရွှေ သတ်မှတ်ဈေးမှာ ၂,၅၃၀,၀၀၀/- ကျပ်(ကျပ်နှစ်ဆယ့်ငါးသိန်းသုံးသောင်း)ဖြစ်ပြီး၊ပြင်ပအခေါက်ရွှေ ပေါက်ဈေးမှာ ၂,၆၆၀,၀၀၀/-ကျပ် (ကျပ်နှစ်ဆယ့်ခြောက်သိန်းခြောက်သောင်း)ဖြင့် အရောင်းအဝယ်ပြုလုပ်ကြကြောင်းသိရသည်။

ယမန်နေ့ ဒီဇင်ဘာလ ၁၂ရက်နေ့ က ပြင်ပ အခေါက်ရွှေဈေးနှုန်းဖြင့်သာ အရောင်းအဝယ်ပြုလုပ်ကြောင်း သိရသည်။

-ဒေါ်လာ

စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ် ၏ ရည်ညွှန်းသတ်မှတ်စျေးမှာ အမေရိကန် တစ်ဒေါ်လာလျှင် ၂,၁၀၀ကျပ်ဖြစ်ပြီး၊ ပြင်ပဒေါ်လာဈေးကွက်တွင် အမေရိကန်တစ်ဒေါ်လာလျှင် ၂,၇၀၀ ကျပ်ဖြင့် အရောင်းအဝယ်ပြုလုပ်ကြကြောင်း သိရသည်။

ယမန်နေ့ ဒီဇင်ဘာလ ၁၂ရက်နေ့ ပြင်ပဒေါ်လာဈေးနှုန်းဖြင့် နှိုင်းယှဉ်ကြည့်ပါက ၁၀၀ကျပ် မြင့်တက်သွားကြောင်း သိရသည်။

-စက်သုံးဆီ

ဓာတ်ဆီ 92 - တစ်လီတာ ၁,၇၉၅ ကျပ်

ဓာတ်ဆီ 95 - တစ်လီတာ ၁,၈၈၅ ကျပ်

ဒီဇယ် - တစ်လီတာ ၂,၁၃၀ကျပ်

ပရီမီယံ ဒီဇယ် - တစ်လီတာ ၂,၂၀၅ ကျပ်

အဆိုပါဈေးနှုန်းများမှာ စစ်ကောင်စီ ၏ စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီ ၏ ရည်ညွှန်းဈေးဖြစ်ပြီး သယ်ယူပို့ဆောင်မှု စရိတ်အပေါ် မူတည်၍ ဈေးနှုန်းကွာဟမှုများ ရှိနိုင်ပြီး ဝေးလံခေါင်ဖျားသည့် ဒေသများတွင်မှု စစ်ကောင်စီ၏ သတ်မှတ်ဈေးထက် ပို၍မြင့်တက်နေကြောင်း သိရသည်။

ယမန်နေ့ ဒီဇင်ဘာလ ၁၂ရက်နေ့ ဈေးနှုန်းများနှင့်နှိုင်းယှဉ်ကြည့်ပါက ဓာတ်ဆီဈေးနှင့် ဒီဇယ်ဆီဈေးများ ၅၀ ကျပ် မြင့်တက်နေခြင်းဖြစ်သည်။

-စားအုန်းဆီ

စစ်ကောင်စီ ၏ ဒီဇင်ဘာလ ၁၂ ရက်မှ

ဒီဇင်ဘာလ ၁၈ ရက်နေ့ အထိ စားအုန်းဆီ ရည်ညွှန်းလက်ကားသတ်မှတ်ဈေးမှာ တစ်ပိဿာလျှင် ၄,၅၁၅ ကျပ် ဖြစ်ပြီး၊ စားအုန်းဆီ ပြင်ပရောင်းဈေးမှာ တစ်ပိဿာလျှင် ၇,၀၀၀ကျပ်မှ ၉,၀၀၀ကျပ်ဝန်းကျင်အတွင်း ရောင်းချနေကြောင်းသိရသည်။

ယမန်နေ့ ဒီဇင်ဘာလ ၁၂ရက်နေ့ပြင်ပဈေးနှုန်းနှင့် နှိုင်းယှဉ်ကြည့်ပါက ကျပ် ၁,၀၀၀ ဝန်းကျင် ဈေးတက်သွားခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required