နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၁၂ ဒီဇင်ဘာ ၂၀၂၂ ) 

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၁၂ ဒီဇင်ဘာ ၂၀၂၂ ) 

ဒီဇင်ဘာလ ၁၂ ရက်
 

အမျိုးသားညီညွတ်ရေး အစိုးရ 

  • အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် အထူးအုပ်ချုပ်ရေးဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးပွဲ အစည်းအဝေး (၃၈/၂၀၂၂)ကို ဒီဇင်ဘာ ၁၁ ရက် မနက် ၁၀ နာရီမှာ ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

  • စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်က အနှိပ်ခန်းတခုတွင် ပြည်သူများထံက မိုက်ကြေးခွဲ လုယက်ထားသည့် ငွေများဖြင့် သောက်စားပျော်ပါးနေသော အကြမ်းဖက်စစ်ကောင်စီ တပ်ကြပ်တစ်ယောက်နှင့် အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံတချို့ကိုဖမ်းဆီးရမိကြောင်း ကလေးမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့ KPS က သတင်း ထုတ်ပြန်ထားသည်။ 

တော်လှန်ရေး လှုပ်ရှားမှုများ 

  • ယင်းမာပင်မြို့နယ် မြောက်ပိုင်း သပိတ် အင်အားစုများ ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။ 

  • စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့ဒေသ၌ တပ်စွဲထားသော စစ် ကောင်စီ တပ် စခန်းကို PDF တပ်ဖွဲ့က ယနေ့ ဒီဇင်ဘာလ ၁၂ ရက် နံနက် ပိုင်း ဝင်ရောက်တိုက်ခိုက် ခဲ့ရာ PDF တပ်ဖွဲ့ဝင် ၁ ဦးကျဆုံးပြီး ၃ ဦးဒဏ်ရာရရှိ ကြောင်း ဒေသသတင်းရင်းမြစ်က ပြောသည်။ 

  • စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် ဖွားစောကျေးရွာကို စစ်တပ်က ဒီဇင်ဘာလ ၁၁ ရက်နေ့ တွင် လက်နက်ကြီး များ ဖြင့် ပစ်ခတ်ပြီး အကြောင်းမဲ့ မီးဝင်ရှို့သွား သဖြင့် ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ပြောသည်။ 

  • စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်အတွင်းရှိ ကျေးရွာများကို အကြမ်းဖက်စစ်တပ် ၃ ရက်ဆက်တိုက် စီးနင်းနေပြီး ကျေးရွာ ၂ ခုမှ နေအိမ် ၆၉ လုံး မီးလောင်ခဲ့ကြောင်း ဒေသခံပြည်သူများက ပြောသည်။ 

  • စစ်ကိုင်းတိုင်း၊ ရွှေဘို-မန္တလေးလမ်းပိုင်း ဝက်လက်မြို့နယ် ၊ စိုင်နိုင်ကွေ့ တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် PDF အယောင်ဆောင်၍ ခရီးသွားပြည်သူများထံမှ အခွန်ကောက်ခံနေ ကြောင်း စစ်ကိုင်းသတင်းမှန်ပြန်ကြားရေး အဖွဲ့က ဒီဇင်ဘာလ ၁၁ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်သည်။ 

  • စစ်ကိုင်းတိုင်း ၊ ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကြောင်းထိုး မီးရှို့ပြန်လာသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို တစ်ဖက်ပွင့်မိုင်း ခြောက်လုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း Monywa Peregrine People's Defence Force (အမဲလိုက် သိန်းငှက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မုံရွာ) မှ ထုတ်ပြန်သည်။ 

  • ဒီပဲယင်းမြို့နယ် အရှေ့ခြမ်းမှာ ဒီဇင်ဘာ ၂ ရက်မှ ဒီဇင်ဘာ ၁၁ ရက်အထိ ၁၀ ရက်အတွင်း ကျေးရွာ ၁၈ ရွာမှ နေအိမ် ၁,၆၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရကာ ပြည်သူ ၂၀,၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရကြောင်း ဒီပဲယင်းမြို့နယ် စစ်ရှောင် ထောက်ပံ့ရေးအဖွဲ့က ‌ယနေ့ ထုတ်ပြန်သည်။ 

  • ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးရုံးတွင် ယနေ့ နံနက်ပိုင်း ဗုံးပေါက်ကွဲပြီး လူအထိအခိုက်ရှိကြောင်း ဒေသပြည်သူများက ပြော သည်။ 

  • ရန်ကုန်တိုင်းတွင် မီတာကြွေးကျန်ရှိသူများအား သက်ဆိုင်ရာ မြို့နယ်မီတာရုံးများက ခေါ်ယူ၍ ဖိအားပေး ခြိမ်းခြောက်တောင်းယူနေကြောင်း ကိုယ်တွေ့‌ ကြုံရသူအချို့က မဇ္ဈိမကို ပြောသည်။ 

  • မလေးရှားနိုင်ငံ၊ ဂျိုဟိုးမြို့တွင် "မသောက်မိသော မိုးခါးရေ" ဇာတ်ကားကို နိုင်ငံတကာတွင် နောက်ဆုံးပြသ ခြင်းနှင့် စစ်ကောင်စီ ပြုလုပ်ကျင်းပမည့် ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့​သည်ဟု သိရသည်။ 

  • မကွေးတိုင်း၊ မြိုင်တွင် "စစ်ရာဇဝတ်ကောင်တွေကို လူထုအားနဲ့အပြတ်ရှင်းကြ" ကြွေး ကြော် သံဖြင့် ယနေ့ စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက်ဆန္ဒပြကြ သည်။ 

  • မန္တလေး၊ သပိတ်ကျင်းမြို့နယ်တွင် စစ်တပ် သတင်းပေးများလိုက်ပါလာသည့် သစ်နှင့်ဝါးဖောင်များကို PDF တပ်ဖွဲ့က ဖမ်းဆီး အရေးယူခဲ့ကြောင်း မြို့နယ် ပကဖ အဖွဲ့ထံမှ သိရသည်။ 

  • ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ်၊ လှိုင်းဘုန်းကျေးရွာအုပ်စု ၊စလောင်းကျကျေးရွာနေ အမျိုးသား နှစ်ဦးကို PDF နှင့်ပတ်သက်သည်ဟု စွပ်စွဲကာ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ)များက ပြီးခဲ့သည့် ဒီဇင်ဘာလ ၇ ရက်နေ့က ဖမ်းဆီးသွားကြောင်း သိရသည်။ 

  • ဧရာဝတီတိုင်း၊ ဟင်္သာတမြို့တွင် လက်လုပ်မိုင်းများကောက်ယူ ရရှိခဲ့သည့် စစ်မှုထမ်းဟောင်းတစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး မိသားစုထံ အလောင်းပြန်ပို့ခဲ့ကြောင်း ဒေသခံများထံက သိရသည်။ 

  • တနင်္သာရီတိုင်းအတွင်း အာဏာသိမ်းပြီး နောက်ပိုင်း အရပ်သား သေဆုံးသူဦးရေ ၃၀၇ ဦးရှိပြီး ထိခိုက် ဒဏ်ရာ ရရှိသူမှာလည်း ၁၁၅ ဦးရှိခဲ့ကြောင်း Southern Monitor က ယခုလ ဒီဇင်ဘာလဆန်းပိုင်း တွင် ပြုစုထားသော အချက်အလက်များအရ သိရသည်။ 

  • တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် မောင်မယ်ရှောင်ကျေးရွာရှိ နည်းပညာတက္ကသိုလ်အနီး တပ်စွဲထားသည့် စစ်ကောင်စီစခန်းဂိတ် တစ်ခုကို ယမန်နေ့ ဒီဇင်ဘာလ ၁၁ ရက်နေ့ ညနေ ၃ နာရီခွဲ ဝန်းကျင်အချိန်တွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ၄၀ မမ ဗုံးသီး နှစ်လုံးဖြင့် သွားရောက်ပစ်ခတ်မှု ပြုလုပ်ခဲ့ကြောင်း PDF ရဲဘော်များထံမှ သိရသည်။ 

  • ရှမ်းပြည်နယ် မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ်မှာ TNLA ကို စစ်ကောင်စီတပ်က ကုန်းကြောင်း၊ လေကြောင်းနှင့် အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်နေတာကြောင့် တိမ်းရှောင်နေရသည့် ပြည်သူ ၁,၅၀၀ ခန့် ရှိလာပြီဖြစ်ကြောင်း စစ်ဘေးရှောင်အရေး ကူညီနေသူများထံမှ သိရသည်။ 

တိုင်းရင်းသား လက်နက်ကိုင်များ  

  • ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ်တွင် TNLA နှင့် အာဏာသိမ်း စစ်ကောင်စီတပ်တို့ အကြား ရက် ဆက်တိုက်ပွဲများပြင်းထန်နေပြီး ဒီဇင်ဘာလ ၁၁ ရက်နေ့ညတိုက်ပွဲတွင် စစ်ကောင်စီတပ်က ပေါင် ၅၀၀ ဗုံး အသုံးပြုပြီး လေကြောင်းမှ ငါးကြိမ်တိုက်ခိုက်ခဲ့သည်ဟု TNLA က ထုတ်ပြန်သည်။ 

စစ်ကောင်စီ 

  • ပြည်ပကနေ တစ်လကို စားသုံးဆီချိန် တန်ချိန် ၅၀၀၀၀ ထက် ပိုမသွင်းရန် စစ်ကောင်စီက ချမှတ်ထားသည့် မူအတိုင်း လုပ်ဆောင်နေကြောင်း စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံ ဆီလုပ်ငန်းရှင်အသင်းက သိရသည်။ 

  • အိန္ဒိယနိုင်ငံ  နွိုင်ဒါမြို့ရှိ Marwah Studio မှ International Film & Television Club တို့၏ ပူးပေါင်းစီစဉ်မှုဖြင့် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်မှ ၁၀ ရက်အထိ ကျင်းပခဲ့သည့် (၁၅) ကြိမ်မြောက် Global Film Festival Noida တွင် မြန်မာနိုင်ငံမှ ရုပ်ရှင်ဇာတ်ကား ‘ဥပါဒါန်’ ဖြင့် ပါဝင်ပြသခဲ့ကြောင်း စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ 

  • ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံများ စိုက်ပျိုးထုတ်လုပ်ရေး နှင့် ဆီထွက်သီးနှံများ ကြိတ်ခွဲထုတ်လုပ်ရေးကို ဆောင်ရွက်ကြရန် စစ်ကောင်စီခန့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက ပြောသည်။ 

  • အကြမ်းဖက်မင်းအောင်လှိုင်က လာမည့် ၇၅ နှစ်မြောက် စိန်ရတု လွတ်လပ်ရေး အခမ်း အနားတွင် ၎င်းကို ခမ်းခမ်း နားနား ချီတက် အလေးပြုကြရန်အတွက် ဌာနတစ်ခုလျှင် ဝန်ထမ်း ၁၅၀ ဦးစီဖြင့် စုစုပေါင်း ဝန်ထမ်း ၇၇၄၉ ဦးကို နေ့စဉ် စစ်ရေးပြ လေ့ကျင့်ချီတက်ခိုင်းနေကြောင်း သိရှိရသည်။ 

  • စစ်ကောင်စီက ပုဒ်အမျိုးမျိုးဖြင့် အမှုဖွင့်စွဲထားပြီး ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခံထားရသော ရှမ်းပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလင်းထွဋ်ကို  ဒီဇင်ဘာ ၁၁ ရက်က တောင်လေးလုံးထောင်ကနေ ပြောင်းရွှေ့လိုက် ကြောင်း သိရသည်။ 

ဒီဇင်ဘာ ၁၂ ရက် သုံးသပ်ချက် 

  • နိုင်ငံခြားငွေလိုအပ်နေသည့် စစ်ကောင်စီမှ စားသုံးဆီတင်သွင့်ခွင့်ကို ကန့်သတ်ထားခြင်းကြောင့် ဈေးကွက်အတွင်းစားသုံးဆီ ဈေးနှုန်းမှာ ကြီးမြင့်နေအုံးမည်ဖြစ်သည်။ 

  • TNLA နှင့်စစ်ကောင်စီတို့ လက်ရှိအချိန်ထိ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေခြင်းကြောင့် ဒေသခံပြည်သူ များထောင်နှင့်ချီထွက်ပြေးတိမ်းရှောင်ပြီး စစ်ဘေးရှောင်ပြည်သူများ တိုးလာနေသည်။ 

  • စစ်ကိုင်းတိုင်းအတွင်း အကြမ်းဖက်စစ်ကောင်စီမှ ပြည်သူများနေထိုင်သည့် ကျေးရွာမျာကို အကြောင်းမဲ့ မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်နေမှုကြောင့် ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly