တူရကီနိုင်ငံရေးပါတီများနှင့် တက်ကြွလှုပ်ရှားသူများက တရုတ်၏ ရက်စက်ကြမ်းကြုတ်မှုများကို လူ့အခွင့်အရေးနေ့၌ ကန့်ကွက်ဆန္ဒပြ

တူရကီနိုင်ငံရေးပါတီများနှင့် တက်ကြွလှုပ်ရှားသူများက တရုတ်၏ ရက်စက်ကြမ်းကြုတ်မှုများကို လူ့အခွင့်အရေးနေ့၌ ကန့်ကွက်ဆန္ဒပြ

တူရကီမှ ဝီဂါတက်ကြွလှုပ်ရှားသူများသည် အီစတန်ဘူလ်မြို့ ဆာရီယာခရိုင်ရှိ တရုတ်ကောင်စစ်ဝန်ရုံးအနီးတွင် ဆန္ဒပြခဲ့ကြပြီး တရုတ်နိုင်ငံ ရှင်ကျန်းဒေသမှ လူ့အခွင့်အရေးချိုးဖောက်မှုများအပေါ် စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုကြသည်။ အမျိုးသမီးများနှင့် ကလေးအများစုပါဝင်သော လူပေါင်း ၁၂၀-၁၃၀ ခန့်သည် ဒီဇင်ဘာ ၉ ရက် နံနက် ၁၀ ခွဲခန့်က တရုတ်ကောင်စစ်ဝန်ရုံးအနီးတွင် စုဝေးခဲ့ကြပြီး ကုအာရ်ကျမ်းစာများရွတ်ဆိုကာ အရှေ့တာကကစ္စတန်နှင့် တူရကီတို့၏ နိုင်ငံတော်သီချင်းများကို တီးမှုတ်သီဆိုခဲ့ကြသည်။

ဆန္ဒပြပွဲများသည် လူ့အခွင့်အရေးနေ့အဖြစ် ကုလသမဂ္ဂက သတ်မှတ်ထားသော ဒီဇင်ဘာ ၁၀ ရက် မတိုင်ခင် ကျင်းပခဲ့ခြင်းဖြစ်သည်။

ဝီဂါအင်န်ဂျီအို အဖွဲ့ အရှေ့တာကစ္စတန်လူ့အခွင့်အရေးအဖွဲ့ (ETHER) မှ ကိုယ်စားလှယ် အဗ္ဗဒူဆီလမ်အဗ္ဗဒူလာက ဝီဂါအသိုက်အဝန်းအား မျိုးတုံးပျောက်ကွယ်မသွားရေး ကူညီပေးရန် နိုင်ငံတကာအသိုက်အဝန်းကို မေတ္တာရပ်ခံခဲ့ပြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးစီမံချက်အကြောင်းပြချက်ဖြင့် ဝီဂါများအား သတ်ဖြတ်နေကြောင်း တရုတ်အာဏာပိုင်များအား စွပ်စွဲပြောဆိုလိုက်သည်။

အမျိုးသမီး တက်ကြွလှုပ်ရှားသူ ရူဆန်မာမွတ်နှင့် မက်ဖီရက်အူဘူလ်တို့က တရုတ်အစိုးရ လက်ထက်တွင်ဖြစ်ပွားနေသော အတင်းအဓမ္မ လက်ထပ်ထိမ်းမြားခိုင်းခြင်းနှင့် သားကြောဖြတ်ခိုင်းခြင်းပြဿနာများကို တင်ပြခဲ့ကြပြီး အရှေ့တာကစ္စတန်ရှိ ရက်စက်ကြမ်းကြုတ်မှုများကို လူသားချင်းစာနာမှု အဖွဲ့အစည်းများနှင့် နိုင်ငံများက စုပေါင်း အရေးယူဆောင်ရွက်ရန် တောင်းဆိုခဲ့သည်။

ရှင်ကျန်း အူရမ်ချီရှိ လူနေတိုက်ခန်းတွင် နိုဝင်ဘာ ၂၄ ရက်က မီးလောင်မှုဖြစ်ပွားကာ ဝီဂါအများအပြားသေဆုံးပြီးနောက် တူရကီတွင် ဝီဂါပြဿနာနှင့် ပတ်သက်သော ဆန္ဒပြမှုများ ပိုမိုပြင်းထန်လာခဲ့သည်။ ထိုဖြစ်ရပ်နောက်ပိုင်း တူရကီတွင် တရုတ်ဆန့်ကျင်ရေး ဆန္ဒပြပွဲ ၈ ကြိမ် ပြုလုပ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required