တိဗက်တွင် လူ့အခွင့်အရေးချိုးဖောက်သော တရုတ် အရာရှိ ၂ ဦးကို အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့

တိဗက်တွင် လူ့အခွင့်အရေးချိုးဖောက်သော တရုတ် အရာရှိ ၂ ဦးကို အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့

တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (TAR) တွင် ပြင်းထန်သော လူ့အခွင့်အရေးချိုးဖောက်မှုများကို ကျူးလွန်သော တရုတ်အရာရှိ ၂ ဦးအား ဒဏ်ခတ်ပိတ်ဆို့အရေးယူလိုက်ကြောင်း အမေရိကန်ဘဏ္ဍာရေးဌာနက ဒီဇင်ဘာ ၉ ရက်တွင် ကြေညာသည်။

အမေရိကန်ဘဏ္ဍာရေးဌာန၏ ငွေကြေးဆိုင်ရာစုံစမ်းရေးနှင့်ဥပဒေစိုးမိုးရေးအေဂျင်စီတစ်ခုဖြစ်သည့် နိုင်ငံခြားပိုင်ဆိုင်မှုထိန်းချုပ်ရေးရုံး (OFAC) က ဝူယင်ကျဲ နှင့် ကျန်ဟောင်ဘိုတို့ လူ့အခွင့်အရေးချိုးဖောက်သူများ စာရင်းတွင် ထည့်သွင်းလိုက်သည်။

ဝူယင်ကျန်းသည် ၂၀၁၆ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ ပါတီအတွင်းရေးမှူးတာဝန်ထမ်းဆောင်ခဲ့ပြီး တည်ငြိမ်ရေးမူဝါဒများကျင့်သုံးရန် အစိုးရအရာရှိများကို ညွှန်ကြားခဲ့သည်ဟု အမေရိကန်ဘဏ္ဍာရေးဌာန၏ တရားဝင်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါတည်ငြိမ်မှုအစီအမံများ အကောင်အထည်ဖော်ရာတွင် တရားလက်လွတ်သတ်ဖြတ်ခြင်း၊ ကိုယ်ထိလက်ရောက်စော်ကားခြင်း၊ မတရားဖမ်းဆီးခြင်းနှင့် တိဗက်တွင် အစုလိုက်အပြုံလိုက်ဖမ်းဆီးခြင်း ကဲ့သို့သော ဆိုးရွားသောလူ့အခွင့်အရေးချိုးဖောက်မှုများကို ဖြစ်ပေါ်စေခဲ့သည်။ အတင်းအဓမ္မကိုယ်ဝန်ဖျက်ချခိုင်းခြင်း၊ သားကြောဖြတ်ခြင်း၊ နိုင်ငံရေးနှင့်ဘာသာရေးလွတ်လပ်ခွင့်အပေါ် ကန့်သတ်ချုပ်ခြင်းနှင့် အကျဉ်းသားများကို ညှင်းပန်းနှိပ်စက်ခြင်းများကို ဝူ၏လက်ထက်တွင် ထပ်မံ ကျူးလွန်ခဲ့သည်။

ကျန်းဟောင်ဘိုကလည်း တိဗက်ရဲချုပ်အဖြစ် တိဗက်တွင် တရုတ်နိုင်ငံ၏ ရည်မှန်းချက်များနှင့် မူဝါဒများ တိုးတက်စေရန် လုပ်ဆောင်ခဲ့သည်။

ကျန်းဟောင်ဘိုသည် ရဲအကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်စဉ် နှိပ်စက်မှု၊ ကိုယ်ထိလက်ရောက်စော်ကားမှု၊ အကျဉ်းသားများကို သတ်ဖြတ်မှုနှင့် ဘာသာရေးနှင့်နိုင်ငံရေးနောက်ခံရှိသူများကို ဖမ်းဆီးမှုများလုပ်ဆောင်သော တိဗက်ပြည်သူလုံခြုံရေးဗျူရို (TPSB) က ကြီးကြပ်သည့် ထိန်းသိမ်းရေးစင်တာများ၌ ပြင်းထန်သော လူ့အခွင့်အရေးချိုးဖောက်များစွာတွင် ပါဝင်ပတ်သက်ခဲ့သည်။ ကျန်းဟောင်ဘိုသည် တိဗက်ပြည်သူလုံခြုံရေးဗျူရို (TPSB) တွင် ၂၀၁၈ မှ ၂၀၂၂ ခုနှစ် နိုဝင်ဘာအထိ ဒါရိုက်တာအဖြစ် တာဝန်ထမ်းဆောင်သူဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required