အီရန်က အာဖဂန်စစ်သားဟောင်းများကို ယူကရိန်းစစ်ပွဲသို့ စေလွှတ်နေ

By Tolo News
11 December 2022
အီရန်က အာဖဂန်စစ်သားဟောင်းများကို ယူကရိန်းစစ်ပွဲသို့ စေလွှတ်နေ

အီရန်အာဏာပိုင်တို့သည် အာဖဂန်စစ်သားဟောင်းများကို စစ်အင်အားအဖြစ် အသုံးချနေကြောင်း အာဖဂန်တာလီဘန်အစိုးရ၏ ဒုက္ခသည်များနှင့်နေရပ်ပြန်ပို့ရေးဆိုင်ရာ ယာယီဝန်ကြီး ခါလီလ်ရာမန် ဟက်ကာနီက ပြောသည်။

အာဖဂန်စစ်သားဟောင်းများကို ယူကရိန်းစစ်ပွဲအပြင် ဆီးရီးယားနှင့် အီရတ်တို့သို့လည်း တိုက်ပွဲဝင်ရန် စေလွှတ်ခဲ့ဖူးကြောင်း ဟက်ကာနီက ပါဝမ်ပြည်နယ်သို့ ရောက်ရှိစဉ် ပြောသည်။

“ဒီကိစ္စနဲ့ပတ်သက်လို့ ကျွန်တော်တို့ အီရန်အာဏာပိုင်တွေနဲ့ ဆွေးနွေးထားပါတယ်။ အာဖဂန်တွေဟာ အရင်တုန်းကလည်း အီရတ်နှင့် ဆီးရီးယားက တိုက်ပွဲတွေမှာ အသုံးချခံခဲ့ရတယ်။ ယူကရိန်း စစ်ပွဲမှာလည်း ဒါမျိုး ထပ်ဖြစ်လာနိုင်တယ်” ဟု ဟက်ကာနီက ပြောသည်။

အီရန်အာဏာပိုင်တို့သည် ၎င်းတို့နိုင်ငံတွင် ဒုက္ခသည်အဖြစ် လာရောက်ခိုလှုံသည့် အာဖဂန်စစ်သားဟောင်းများကို လက်နက်အဖြစ် အသုံးချနေသည်ဟု စစ်ဘက်ရေးရာလေ့လာသုံးသပ်သူတချို့က ပြောသည်။

“အာဖဂန်စစ်သားဟောင်းတွေဟာ မိသားစုရဲ့ အိမ်စရိတ်တွေကို ထောက်ပံ့နိုင်ဖို့ အီရတ်နဲ့ ဆီးရီးယားအပြင် ယူကရိန်းစစ်ပွဲထဲက အခြားအဖွဲ့အစည်းတွေနဲ့ မဖြစ်မနေ ဆက်သွယ်ချိတ်ဆက်ကြရပါတယ်။ တပ်သားသစ်စုဆောင်းတဲ့ရုရှားတွေကလည်း သူတို့ကို ခေါ်သွားကြပါတယ်” ဟု စစ်သားဟောင်းတစ်ဦးဖြစ်သည့် ဆာဝါ နီယာဇီက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly