ကော်သူးလေတပ်မတော် အထူးကွန်မန်ဒိုသင်တန်း အပတ်စဉ်(၁) သင်တန်းဆင်းပွဲ ကျင်းပ

ကော်သူးလေတပ်မတော် အထူးကွန်မန်ဒိုသင်တန်း အပတ်စဉ်(၁) သင်တန်းဆင်းပွဲ ကျင်းပ

ဒီဇင်ဘာလ ၁၂ ရက်

ကရင်ပြည်နယ် မြဝတီမြို့နယ် လွတ်မြောက်နယ်မြေတစ်နေရာတွင် ကော်သူးလေတပ်မတော် ၏ အထူးကွန်မန်ဒိုသင်တန်းဆင်းပွဲကို ဒီဇင်ဘာလ ၁၀ ရက်နေ့က ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယင်းသင်တန်းသည် အပတ်စဉ်(၁)ဖြစ်ပြီး ကော်သူးလေတပ်မတော် အထူးကွန်မန်ဒိုတပ်ရင်းနှင့် မဟာ မိတ်ပူးပေါင်း ဆင်ဖြူစစ်ကြောင်း(PDF)တို့မှ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

“ဒီသင်တန်းက ကွန်မန်ဒိုမွမ်းမံသဘောပေါ့။ ဘာလို့လုပ်ရတာလဲဆိုရင် ဥကရစ်ထ စစ်ကောင်စီစခန်းကို တိုက်ခဲ့တုန်းကလို မဖြစ်အောင်ပေါ့။ အဲဒီပွဲမှာတုန်းက အကျအဆုံးရှိခဲ့တယ်။ ဒီသင်တန်းက အမိန့်နာခံမှုနဲ့ တိုက်ခိုက်မှုကို အဓိကသင်တာပေါ့” ဟု ဆင်ဖြူစစ်ကြောင်းမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကပြောသည်။

အဆိုပါ သင်တန်းဆင်းပွဲသို့ ကော်သူးလေတပ်မတော်တည်ထောင်သူ စစ်ဦးစီးချုပ်ဗိုလ်ချုပ်နယ်ဒါးမြနှင့် အထူးကွန်မန်ဒိုတပ်ရင်းမှူး ဒုဗိုလ်မှူးကြီးစောစလုံးတို့မှ တက်ရောက်ခဲ့ပြီး သင်တန်းကာလတွင် ထူးချွန် သင်တန်းသားများအား ဆုချီးမြှင့်ခဲ့ကြောင်း သိရသည်။

စာတည်း။ ။စောဖေ

စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly