ပါကစ္စတန်တွင် အဟ်မဒီလူနည်းစုကို ဆန့်ကျင်သော အစွန်းရောက်ဝါဒ ကြီးထွားလာ

By Asian Lite
11 December 2022
ပါကစ္စတန်တွင် အဟ်မဒီလူနည်းစုကို ဆန့်ကျင်သော အစွန်းရောက်ဝါဒ ကြီးထွားလာ

ပါကစ္စတန်တွင် လူနည်းစုဖြစ်သော အဟ်မဒီမွတ်စလင်အသိုက်အဝန်းသည် အမြဲလိုလို ခွဲခြားဆက်ဆံခံနေရပြီး တစ်ခါတစ်ရံတွင် ဥပဒေဆိုင်ရာနှင့် အစိုးရအာဏာပိုင်တို့၏ အရေးယူမှုများကိုလည်း ကြုံနေရကြောင်း Asian Lite မီဒီယာက ဖော်ပြသည်။

ပါကစ္စတန်နိုင်ငံ ပန်ဂျပ်ပြည်နယ်မှ လူတစ်စုသည် မကြာသေးခင်က အဟ်မဒီလူနည်းစုဝင်တို့၏ သင်္ချိုင်းအုတ်ဂူများကို ဖျက်ဆီးခဲ့သည်။

သံသယရှိသူများက သင်္ချိုင်းမြေပုံမှတ်တိုင် ၄ ခုကို ဖျက်ဆီးကာ အဟ်မဒီ ဆန့်ကျင်ရေး စာသားများ ရေးခြစ်ခဲ့ကြောင်း Friday Times က ဖော်ပြသည်။

ထိုဖြစ်စဉ်သည် ဟာဖီဇာဘတ်ခရိုင် ပရမ်ကော့ခ်အရပ်တွင် နိုဝင်ဘာ ၂၂ ရက်က ဖြစ်ပွားခဲ့ပြီး နောက်မှ သိရှိခဲ့ခြင်းဖြစ်ကြောင်း Jamaat-e-Ahmadiyya အဖွဲ့က ပြောသည်။

ပန်ဂျပ်ပြည်နယ်မှရဲများက ဖေဖော်ဝါရီလတွင် အဟ်မဒီအသိုက်အဝန်း၏ အုတ်ဂူ ၄၅ လုံးကို ဖျက်ဆီးခဲ့သည့် သင်္ချိုင်းတွင်ပင် ယခုဖြစ်ရပ် ဖြစ်ပွားခဲ့ကြောင်း Jamaat-e-Ahmadiyya အဖွဲ့၏ ပြောရေးဆိုခွင့်ရှိ အာမီရာ မာမွတ်က ဆိုသည်။

ပါကစ္စတန်တွင် လူနည်းစုအသိုက်အဝန်းအပေါ် မကျေနပ်မှုများ ကြီးထွားလာခြင်းကို ဝမ်းနည်းစရာကောင်းသော ယခုဖြစ်ရပ်က သက်သေပြနေသည်ဟု မာမွတ်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required