ဂျာမနီက တရုတ်ကို စနစ်ကျသော ပြိုင်ဘက်အဖြစ် ရှုမြင်

ဂျာမနီက တရုတ်ကို စနစ်ကျသော ပြိုင်ဘက်အဖြစ် ရှုမြင်

တရုတ်သည် ကမ္ဘာ့စိန်ခေါ်မှုများစွာထဲတွင် မိတ်ဖက်ဖြစ်သလို စနစ်ကျသော ယှဉ်ပြိုင်ဘက်လည်းဖြစ်ကြောင်း ဂျာမနီနိုင်ငံခြားရေးဝန်ကြီး အန်နာလီနာဘဲဘော့က ဒီဇင်ဘာ ၅ရက်တွင် ပြောကြားလိုက်သည်။

နယူးဒေလီမြို့၌ အိန္ဒိယပြည်ပရေးရာဝန်ကြီး အက်စ်ဂျိုင်ရှန်ကာနှင့် ပြုလုပ်သည့် ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် အန်နာလီနာက အထက်ပါအတိုင်း မှတ်ချက်ပြုလိုက်ခြင်းဖြစ်သည်။

တရုတ်ဆိုင်ရာ စိုးရိမ်ပူပန်မှုများနှင့်ပတ်သက်ပြီး ဘဲဘော့က "ဥရောပမိတ်ဆွေတွေအနေနဲ့ ညွန့်ပေါင်းသဘောတူစာချုပ်မှာ ထည့်သွင်းထားတဲ့ ၃ ပွင့်ဆိုင်ချဉ်းကပ်မှုအရ လုပ်ဆောင်ပါတယ်။ အပိုင်း ၃ ပိုင်းပါတဲ့ မဟာဗျူဟာကို အကောင်အထည်ဖော်နေပါတယ်။ တရုတ်ကို ကမ္ဘာ့စိန်ခေါ်မှုတွေထဲက မိတ်ဖက်၊ ပြိုင်ဘက်နဲ့ စနစ်ကျတဲ့ ယှဉ်ပြိုင်ဘက်အဖြစ် မြင်ပါတယ်” ဟု တုံ့ပြန်ခဲ့သည်။

တရုတ်သည်လွန်ခဲ့သည့်နှစ်အနည်းငယ်အတွင်း များစွာပြောင်းလဲလာကြောင်းနှင့် ကြုံတွေ့ရမည့် စိန်ခေါ်မှုများကို အကဲဖြတ်ရန် အရေးကြီးပြီဖြစ်ကြောင်းလည်း ဘဲဘော့က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

တရုတ်မဟာဗျူဟာတွင် ပါဝင်သော အချက်အသစ်မှာ အင်ဒို-ပစိဖိတ် မဟာဗျူဟာဖြစ်ပြီး ဂျာမနီသည် အင်ဒို-ပစိဖိတ်ဒေသတွင် ကျယ်ကျယ်ပြန့်ပြန့် ပါဝင်လာမည်ဖြစ်ကြောင်း ဘဲဘော့က ဆိုသည်။

ဂျာမနီသည် ယခုအချိန်အထိ တရုတ်ကို ပိုမို အာရုံစိုက်နေရဆဲဖြစ်သလို အိန္ဒိယ၊ ဂျပန်တို့နှင့် ဆက်ဆံရေးရှိသော်လည်း တခြားအိမ်နီးချင်းနိုင်ငံများစွာနှင့်ဆက်ဆံရေးမရှိဟု ဆိုသည်။

ဂျာမနီ၏စံတန်ဖိုးများကိုအလေးမထားသောနိုင်ငံတစ်ခုကို အလွန်အမင်း မှီခိုနေရသည်ကိုလည်း ဘဲဘော့က ဝန်ခံခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required